🔸7

1K 184 2
                                    

*U

အဲ့ဒီ့နေ့ပြီးတဲ့နောက် ယွီပင်းဆိုတဲ့ အစ်ကို့ သူငယ်ချင်းက တစ်ပတ်တိတိ ပေါ်မလာခဲ့ပါဘူး ..

သူကတော့ တစ်ပတ်အတွင်းမှာ အလဲလဲအပြိုပြိုနဲ့

ဘယ်တော့မှ ထပ်ပြီး မြင်တွေ့ရမှာမဟုတ်တဲ့ နံရံပေါ်က နောက်ကျောပုံရိပ်လေးတွေကို ငေးတဲ့အခါ ငေးလို့

လက်ပ်တော့ထဲက ဗွီဒီယို recording တစ်ခုကို အကြိမ်များစွာ ဖွင့်ကြည့်ပြီး တစ်ယောက်တည်း ငိုင်တဲ့အခါလည်း ငိုင်လို့

တစ်ပတ်လုံးဟာ လဲပြိုတာထက်ကို ပိုတဲ့ ကြေမွမှုမျိုးတွေနဲ့ စတူဒီယို ခန်းငယ်လေးဟာ မွစာကျဲလို့ နေခဲ့ရုံပဲ

တစ်ခါမှ မသောက်ဖူးတဲ့ အရက်ပြင်း ပုလင်းတွေက ခါတိုင်း သူ အလုပ်လုပ်နေကျ စားပွဲပေါ် အခွံလွတ်တွေ အဖြစ် နေရာယူလို့
သူအနှစ်သက်ဆုံး နေရာတစ်ခုကို အကျည်းတန်စွာ ခြယ်သပေးနေတယ် ။

ဘယ်ဘတ်ရင်အုံကို ထုမိတဲ့ အကြိမ်ပေါင်းကလည်း
ရေတွက်ကြည့်ဖို့တောင် ခက်လိမ့်မယ်

ပစ်ထားမိတဲ့ အလုပ်ဆီကနေ ဝင်နေတဲ့ မက်ဆေ့တွေနဲ့ missed call ပေါင်းများစွာကို လစ်လျူရှုပြီး အစ်ကိုယွီပင်းပေးသွားခဲ့တဲ့ ဖုန်းနံပါတ် ကို သူ နှိပ်ခဲ့လိုက်တယ် ။

အစ်ကိုနဲ့ ပတ်သက်တဲ့ အကြောင်းတွေ သူ သိဖို့လိုသေးတယ်

"ဟယ်လို !"

"ဟယ်လို အစ်ကို ယွီပင်း ကျွန်တော်ပါ
ဝမ်ရိပေါ် "

"......"

"ကျွန်တော် အဆင်သင့် ဖြစ်ပြီ ထင်တာပဲ "

တကယ်တော့ အစ်ကို ယွီပင်းက မလာတော့တာမဟုတ်ဘူး၊
သူ ဆိုတဲ့ ဝမ်ရိပေါ် အဆင်ပြေမယ့် အချိန်ကို စောင့်ပေးနေခဲ့တာ

အစ်ကိုနဲ့ ပက်သတ်လို့ သူ မသိတဲ့ အကြောင်းအရာတွေ အများကြီးအတွက် သူ ခံနိုင်ရည် ရှိလောက်မယ့် အချိန်ကို စောင့်နေပေးခဲ့တာ ဖြစ်မယ် ။

တစ်ပတ် !

တစ်ပတ်ဆိုတဲ့ အချိန်က တကယ် လုံလောက် မလောက်
သိပ်တော့လည်း မသေချာပါဘူး

တစ်လ

ဒါမှမဟုတ် တစ်နှစ် ၊

ဒါမှမဟုတ် ထပ်ပြီး
နှစ်ပေါင်းများစွာ

𝐖𝐡𝐞𝐧 𝐭𝐡𝐞 𝐂𝐚𝐧𝐨𝐥𝐚 𝐛𝐥𝐨𝐨𝐦𝐬 Where stories live. Discover now