🔸5

1K 187 7
                                    

*U

ညတုန်းက အိပ်ပျော်တစ်ဝက် နိုးတစ်ဝက်နဲ့ ချာလည်ရိုက်ပြီး မိုးလင်းခဲ့ရပေမယ့် ၆နာရီ မထိုးခင်ကတည်းက ရိပေါ် အိပ်ရာထဖို့ ဆိုင်းပြင်းနေပြီ ။

အစ်ကို့ကို တစ်နေရာ ခေါ်သွားချင်တယ်လို့ ပြောခဲ့တာက အခြားမဟုတ်

သူ ဒီကို အလာတုန်းက ရထားပေါ်ကနေ လှမ်းမြင်ခဲ့တဲ့ canola ပန်းခင်းကြီးကို အစ်ကိုနဲ့ အတူ သွားချင်တဲ့ စိတ် ပေါ်လာလို့ရယ်

အဝါရောင် ပန်းနှမ်းခင်းကြီးအလယ်မှာ ပြုံးနေမယ့် အစ်ကို့ပုံရိပ်ကို သေချာပေါက် သူ့ စတူဒီယို အခန်းငယ်လေးထဲမှာ သိမ်းဆည်းထားချင်တာက အဓိက ရယ်ရွယ်ချက်ပေါ့

သိပ်ဝေးဝေး မဟုတ်တော့ လှမ်းလျှောက်သွားရင်လည်း အဆင်ပြေသလို မြို့ထဲကနေ စက်ဘီးငှားပြီး သွားရင်လည်း အဆင်ပြေတာပဲ ။

အစ်ကိုနဲ့ တွေ့မှ တိုင်ပင်ကြည့်ရမှာပေါ့လို့ ရိပေါ် တွေးရင်း
မနက်စာကို ခပ်မြန်မြန် စားပြီး ထွက်လာခဲ့တော့

အချိန်က
မနက် ခုနှစ်နာရီ ထိုးပြီး ဆယ် မိနစ် စွန်းစွန်း။

ရိပေါ်ရဲ့ တည်းခိုအိမ်လေး မျက်စောင်းထိုးကနေစလို့ အစီအရီပေါက်နေတဲ့ နယူးဇီလန် ခရစ္စမတ် သစ်ပင်တွေကို တွေမြင်ရပြီဆိုပေမယ့်

တစ်နေ့က အစ်ကို ပန်းချီဆွဲရင်း ရှိနေခဲ့တာက ဒီလမ်းကလေးရဲ့ အဆုံး နောက်ဆုံးသော အနီရောင် ပန်းသစ်ပင်ကြီးအောက်မှာမို့ နည်းနည်းတော့ လမ်းလျှောက်ရအုံးမယ်...

အစ်ကိုများ ရောက်နှင့်နေပြီလားမသိ ဆိုပြီး တွေးမိလိုက်သေးလို့ တစ်ယောက်တည်း ကျိတ်ရယ်ရပါသေးတယ် ။

စိတ်စောနေတာက သူတစ်ယောက်တည်း ဖြစ်ပြီးတော့

အစ်ကိုက ဒီအချိန်ကြီး ကြို ရောက်နေစရာ အကြောင်းကို မရှိ...

တကယ်လည်း သူရောက်သွားတော့
အစ်ကိုနဲ့ တူတဲ့ အရိပ်အယောင် အငွေ့အသက်လေး တစွန်းတစတောင် မမြင်မိလို့

မသိစိတ်က ထားမိတဲ့ မျှော်လင့်ချက်ရေးရေးလေးက သိသိသာသာပဲ ညိုးငယ်သွားရတယ် ။

𝐖𝐡𝐞𝐧 𝐭𝐡𝐞 𝐂𝐚𝐧𝐨𝐥𝐚 𝐛𝐥𝐨𝐨𝐦𝐬 Where stories live. Discover now