🔸6

1K 188 12
                                    

*U

Song suggest : remember me ( Coco animation OST )

ပုံမှန်နေ့တွေထဲက တစ်နေ့မှာ မျက်နှာစိမ်း တစ်ယောက်ဟာ
ရိပေါ်ရဲ့ မထင်မရှား စတူဒီယိုလေးဆီကို မဖိတ်ခေါ်ပဲ ရောက်လာခဲ့တယ် ။

အဲ့ဒီ့လူ နာမည်က ယွီပင်း ၊

အံ့ဩစရာကောင်းတယ်

သူတစ်ခါမှ မမြင်ဖူးတဲ့ လူတစ်ယောက်ဟာ သူ့အကြောင်း ကောင်းကောင်း သိနေခဲ့ပုံပါပဲ

ဝမ်ရိပေါ် လို့ အမည်တပ်ထားတဲ့ ပါဆယ်ထုပ်တစ်ထုပ်နဲ့အတူ သူရှိရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတဲ့ အဲ့ဒီ့လူက သူ့ကို မြင်တော့ ခပ်ဖျော့ဖျော့ ပြုံးတယ်

တဆက်တည်းမှာပဲ လက်ထဲက ပါဆယ်ထုပ်လေးကို ကမ်းပေးရင်း

"အစ်ကို ရှောင်းကျန့် ပေးခိုင်းတာပါ " လို့ ဆိုတဲ့ မျက်ဝန်းတွေဟာ အတန်ငယ် ဝမ်းနည်းရိပ် သန်းနေခဲ့တယ်

သူ့အသိထဲမှာ ရှောင်းကျန့် နာမည်နဲ့ လူ မရှိတာကို သိနေပေမယ့် ပါဆယ်ထုပ်ကို လက်ခံဖြစ်ခဲ့ပါတယ်

အဲ့ဒီ့လူက မသွားသေးဘဲ သူပါဆယ်ထုပ်ကို ဖွင့်ကြည့်တာ စောင့်ကြည့်သွားချင်ပုံရတယ်

ဒါဟာ အပန်းကြီးတဲ့ ကိစ္စ တစ်ခုမဟုတ်တာမို့ ယွီပင်းဆိုတဲ့ လူအတွက် ကော်ဖီတစ်ခွက် ခပ်မြန်မြန် ဖျော်ပေးလိုက်ပြီးတဲ့နောက်မှာ သေချာ ထုပ်ပိုးထားတဲ့ အနီရောင် ပါဆယ်ထုပ်လေးကို သူ ဖွင့်ခဲ့လိုက်တယ်

ပါဆယ်ထုပ်အတွင်းက
အထပ်လိုက် အစီအရီ ရှိနေတဲ့ ဓာတ်ပုံတစ်ချို့ကို ယူကြည့်မိတဲ့အခါ သူ့ရဲ့ မျက်လုံးအိမ်ဟာ အနည်းငယ် ပြူးကျယ်သွားခဲ့တယ်

ဒီ ဓာတ်ပုံတွေက ...

သူ ဓာတ်ပုံတွေကို တလှည့် ယွီပင်း ဆိုတဲ့ လူကို တလှည့် ကြည့်မိတယ်

ဒါ ရိပေါ် တက္ကသိုလ် တုန်းက ပုံတွေပဲ ..

ဘတ်စကောဘော ပြိုင်ပွဲ တုန်းက

ကျောင်းဘေ့စ်ဘောကွင်းမှာ သူငယ်ချင်းတွေနဲ့ စကိတ်စီး လေ့ကျင့်တုန်းက

ကျောင်းရဲ့ ဓာတ်ပုံပြိုင်ပွဲတစ်ခုမှာ
ပင်လယ်ပြာရဲ့ ကလေးငယ် ဆိုတဲ့ ခေါင်းစဉ်တစ်ခုနဲ့ ဆုရရှိတုန်းက

𝐖𝐡𝐞𝐧 𝐭𝐡𝐞 𝐂𝐚𝐧𝐨𝐥𝐚 𝐛𝐥𝐨𝐨𝐦𝐬 Where stories live. Discover now