Chapter 1

2.1K 146 6
                                    


ညနေငါးနာရီလောက်ရှိနေပြီဖြစ်သည်။ 

ဂျေးကအခု ကိုရီးယားအိမ်ကနေထွက်လာပြီးတော့ Hawaiiမှာလာသောင်တင်နေခြင်းဖြစ်သည်။

အဓိကကတော့ဂျေးကိုစေ့စပ်ထားတဲ့လူနဲ့
နောက်သုံးလအတွင်း
အတင်းလက်ထပ်ခိုင်းနေသည့်
အိမ်ကလူတွေကြောင့်ဖြစ်သည်။

ဒီတစ်ခေါက်တော့ အချိန်ဆွဲလို့မရတော့မှန်းသိတော့ ဂျေးလူပျိုလူလွတ်ဘဝကို
နောက်ဆုံးအနေနဲ့လွတ်လွတ်လပ်လပ်ခံစားချင်မိလို့သူ့ရဲ့အကြိုက်ဆုံးနေရာမှာ
ခနလာနေခြင်းဖြစ်သည်။

သူဒီအိမ်ဝယ်ထားတယ်ဆိုတာသိတာကလည်း သူရဲ့တစ်ဦးထဲသောစေ့စပ်ထားသည့်လူသာဖြစ်သည်။

ဂျေး လူရှင်းတဲ့ရေတိမ်သည့်ပင်လယ်ရေပြင်ပေါ်မယ် ကနူးလှေလေးထဲ
ပက်လက်အိပ်ကာအနီရောင်ကနေ တစ်ဖြည်းဖြည်းမှိန်ကျကာမည်းမှောင်သွားသည့် တိမ်တွေပြည့်နေတဲ့ကောင်းကင်ကို
ကြည့်ရင်းစိတ်ထဲဘာအတွေးမှမရှိဘဲနေနေမိသည်။

နာရီကမြည်လာတဲ့ alarmကြောင့်
ဂျေးဖြည်းဖြည်းချင်းသောင်စပ်နားကို
ပြန်လှော်ခတ်လာခဲ့သည်။

သောင်ပြင်ပေါ်ရောက်တော့
ဂျေးကိုစောင့်နေတဲ့ ဘားပိုင်ရှင်
Jeremiah က တာဝါအကြီးတစ်ခုကိုလာခြုံပေးပြီး ကနူးကိုလာသယ်ပေးသည်။

Jeremiah က ဂျေးကို ပိုးပန်းနေချင်သည့်တစ်ယောက်လည်းဖြစ်သည်။
စေ့စပ်ထားတဲ့လူရှိတယ်သိထဲက
စည်းလည်းမကျော်တော့ ဂျေးလည်း
ဒီတိုင်းလေးအလိုက်သင့်သာနေသည်။

နှစ်ယောက်သား အိမ်ပြန်သည့်
လမ်းတစ်လျှောက်လုံး အလာဘ
သလာဘ ပြောနေရင်းနဲ့
ခြံရှေ့မှာမြင်လိုက်တဲ့ ကားအပြာဖျော့လေးကိုမြင်ပြီးဂျေးတွေ့တဲ့အချွန်တစ်ခုခုကိုယူပြီးဘီးတွေသွားဖောက်ချင်စိတ်ပေါက်သွားသည်။

ထိုကားလေးက
ဂျေးရဲ့အကြိုက်ဆုံးကားဖြစ်သည်။
အဲ့တာကို ဆရာသမားကလည်းကြိုက်တယ်ဆိုပြီး အလောင်းကစားလုပ်ပြီး
အတင်းလုယူသွားသည်။

Unforeseen Where stories live. Discover now