MOP 35

338 44 0
                                    

ဒီနေ့ က ကမ္ဘာဦး ကို ကုန်စည်ပြပွဲလိုက်ပို့ရန် ‌ပြောထားသော နေ့  ဖြစ်သည်။ ညနေ ရေမိုးချိုးပြီးတော့ အ‌ပေါ်ဝတ်အနေဖြင့်
ကုတ်အကျီအနက်အထူကို ၀တ်လိုက်သည်။ ချစ်လွန်းလျှံ က ဂျင်းဘောင်းဘီ‌နဲ့ လိုက်ဖက်စွာ hoodie နက်ပြာရောင်ကို ၀တ်ထားသည်။

သူရိန်ဦးတို့ မောင်နှမက အိမ်အထိ ကားနှင့်လာခေါ်၏။ ထို့နောက် မဂ်လာမူဆယ်သို့ သွားကြသည်။ ကုန်စည်ပြပွဲက ထိုနေရာတွင် ပြုလုပ်သည်ကိုး။

မဂ်လာမူဆယ်သည် လူစည်ကားလှသည်။ ရောင်စုံမီးများဖြင့် နေရာတကာကို အလှဆင်ထားသည်။ မီးရောင်များသည် နေ့ခင်းအလင်းရောင်ကဲ့သို့ပင် ဟိန်းနေအောင် လင်း‌၏။ ဆိုင်ခန်း ကွန်ဒိုများကလည်း အများသား။ ‌မဂ်လာမူဆယ် ဟု စာလုံးခပ်ကြီးကြီးနှင့် ထိပ်စည်းတပ်ထားသော အ၀င်ပေါက်၏ ရှေ့ တွင်မူ စားသောက်ဆိုင်တို့က အစီအရီရှိသည်။

ပွဲဈေးလိုပါပဲ။ လူပေါင်း မြောက်မြားစွာ ပြည့်သိပ်ကျပ်လျက်။ ရိုးရာမုန့်အရောင်းဆိုင်များ၊ အရုပ်ပစ်ဆိုင်များ ကို နေရာတကာတွင် တွေ့ ရသည်။ လူများလွန်း၍ နှစ်ယောက်တစ်တွဲ သွားမှ အဆင်‌ပြေသည်။ ရှိန်းကိုကိုနှင့် ကမ္ဘာဦးတို့ရှေ့ တွင် ချစ်လွန်းလျှံ နှင့် သစ္စာမေက ဦးဆောင်သွားသည်။ သူရိန်ဦးက ‌နောက်မှာ တစ်ယောက်တည်း။

ကုန်စည်ပြပွဲ ဟူသည့်နေရာက ဆိုင်များကို အတန်းအရှည်လိုက် စီထားပြီး မျက်နှာချင်းဆိုင် တည်ထားခြင်းဖြစ်သည်။ မီးထွန်းထားသော လှိုဏ်ခေါင်းရှည်ကြီးထဲ လူပေါင်းများစွာ တိုးဝှေ့ ပြီး သွားရသလိုပင်။ ပွဲတွင် အကင်များကို ထူးဆန်းသည့်ပုံစံနှင့် ကင်ပြသည်လည်းရှိသည်။ အနှိပ်စက်များကို ခင်းကျင်းပြသသည်လည်း ရှိသည်။

သစ္စာမေက ‌ဝိတ်ကျစေသော ‌တုန်ခါနေ‌သည့် စက်ပေါ်တွင် မတ်တပ်ရပ်ပြသည်။ ချစ်လွန်းလျှံ ကိုပါ ဆွဲကာ ထိုပေါ် တက်ခိုင်းသည်။ နှစ်ယောက်သား တီကောင်ဆားတို့ သလို ခန္ဓာကိုယ် တွန့် လိန် လှုပ်ခါနေပုံက တော်‌တော် ရီရသည်။ ပြီးမှ နောက်ထပ် ဆိုင်တန်းများကို လျှောက်သွားကြသည်။

"ဟာ ဘာလဲဟ ကျစ်"

ရုတ်တရက် သစ္စာမေ က ဘေးဘီကို ကြည့်ပြီး ‌ပြောသည်။

MY OWN PLANET (Z+U) [Completed]Where stories live. Discover now