MOP 48 (Uni)

539 61 0
                                    

မနက်ဖြန်တွင် မန်းလေးဆင်းရတော့မည် ဖြစ်သည်။ ချစ်လွန်းလျှံ နိုးမလာခင် တစ်ယောက်တည်းထားခဲ့ကာ မမကြီးရိှရာ အိမ်သို့ သွားလိုက်သည်။ သူလိုက်လာလျှင်လည်း ကောင်းတာမရိှတာမို့ စာချန်ပြီးသာ ထွက်ခဲ့သည်။

အိမ်ရောက်လျှင် အစက‌တော့ မမကြီးက ထွက်မတွေ ့ပဲ ဦးအောင်ကသာ ဧည့်ခံစကား ‌ပြောပေးသည်။ သို့သော် သစ္စာမေ၏ စည်းရုံးရေးကောင်းမွုကြောင့် မမကြီးသည် အိပ်ခန်းထဲက ထွက်လာသည်။

" မမကြီး ကျွန်တော် မနက်ဖြန် မန်းလေးဆင်းရတော့မယ်၊ အဲ့ဒါ လာနွုတ်ဆက်တာ"

" အင်း "

မမကြီးက အသံထွက်ယုံသာ ‌ဖြေသည်။ သစ္စာမေက သူမ အမေ၏ အကျီလက် အစွန်းအစ ကို ဆွဲကိုင်ပြီး 

" မေမေကလည်း နည်းနည်းလောက် ထပ်‌ပြောပါဦး"

" ငါက ဘာ‌ပြောရမှာလဲ။ သူစိမ်းနဲ ့ယှဉ်ပြီး ငါ့ကိုတောင် ထားခဲ့တဲ့သူကို"

" မမကြီးကတော့ဗျာ... ကျွန်တော်က ထားခဲ့တာမဟုတ်ပါဘူး"

" ထားခဲ့တာမဟုတ်ရင် ဘာလဲ၊ ငါအတန်တန် တားတဲ့ကြားထဲက လုပ်ချင်ရာလုပ်သွားတာလေ၊ နင်က"

" မိန်းမရာ၊ အခုက ဒီလိုတွေ ‌ပြောရမဲ့ အချိန်မဟုတ်ဘူးလေ"

ဦးအောင်က မမကြီးကို တားသည်။ မမကြီးက မျက်နှာခပ်တင်းတင်း နှင့်သာ နေသည်။ ရိှန်းကိုကို သာ ပြန်လျေှာ့လိုက်ပါသည်။

" ဟုတ်ပါတယ်၊ ကျွန်တော် မှားတာပါ။ မမကြီးကို စိတ်ညစ်အောင် မလုပ်သင့်ဘူး၊ ဒါပေမဲ့ မမကြီးကပဲ အလျေှာ့ပေးပြီး ကျွန်တော်တို့ကို လက်ခံပေးလို့ မရဘူးလား"

သစ္စာရော ဦးအောင်ပါ ခေါင်းတညိတ်ညိတ်နှင့် ဝိုင်းထောက်ခံပေးကြသည်။ မမကြီးက ပွစိပွစိပြောရင်း မျက်စောင်းထိုးနေ၏။ တခါတလေလည်း ကလေးနှင့် တူနေပြန်သည်။

" အေးလေ၊ ငါကပဲ လျေှာ့ရတော့မှာပေါ့။ သုံးမဲ တစ်မဲ ကို ငါ ဘယ်နိုင်မလဲ"

" မိသားစု၀င်ချင်းကိုကွာ၊ မဲတာ‌တွေ ဖြူတာ‌တွေ၊ ရွုံးတယ် နိုင်တယ်‌တွေ မရိှပါဘူး မိန်းမရ။ ဒီလိုပဲ တစ်ယောက်နဲ့ တစ်ယောက် အရှိ အရိှတိုင်း လက်ခံပေးရမပေါ့။ ကိုယ်ကတောင် တင်းခံနေရင် သူစိမ်းနဲ့ ဘယ်ခြားမလဲ"

MY OWN PLANET (Z+U) [Completed]Tahanan ng mga kuwento. Tumuklas ngayon