MOP 38 - I

332 41 0
                                    

မန်း‌လေးဆင်းရန် ညနေ သုံးနာရီကား ကို လက်မှတ်ဖြတ်ထားသဖြင့် နေ့ လည် 2 နာရီလောက်ကတည်းက ကားဂိတ်တွင် ထိုင်စောင့်ရသည်။ ကမ္ဘာဦးသည်လည်း ကားဂိတ်ကိုလာပြီး နှုတ်ဆက်သည်။

ခုချိန် ရှိန်းကိုကိုသည် တော်တော် နေမထိ ထိုင်မသာ ဖြစ်ရသည်။ မတော်လို့ ကမ္ဘာဦးနှင့် သူ၏ ဆက်ဆံပုံက ချစ်လွန်းလျှံ အမြင်တွင် ထူးဆန်းနေမည်ကို စိုးရိမ်မိသည်။ နေကလဲပူ၊ ရင်ကလဲပူ။ ဘယ်အချိန် ‌ပြောရမှန်းမသိပေမဲ့ အခုတော့မဟုတ်သေး။

အဲကွန်းဖွင့်ထားသော Express ကားထဲရောက်မှ အပူလုံးတို့ကျသွား‌တော့သည်။ လိုက်ပို့သော ဦးအောင်နှင့် သစ္စာ၊ ကမ္ဘာဦးတို့ကို ကားပေါ်ကနေ လက်ပြ နှုတ်ဆက်ပြီးနောက် ကားက တဖြည်းဖြည်း စတင် ထွက်ခွာ‌လေသည်။ ရှိန်းကိုကို က ကားမှန်နှင့်ကပ်ရပ်တွင် ထိုင်ပြီး ဘေးတွင် ချစ်လွန်းလျှံက နားကြပ်တပ်ပြီး သီချင်းနားထောင်သည်လား၊ ဘာလားမသိ။

အပြင်ဘက် ကို ကြည့်တော့ နေအရှိန်ပြင်းပြင်းအောက်တွင် လမ်းခင်းနေရသည့် သူများ။ နေ၏ အပူလှိုင်း‌တငွေ့ ငွေ့ ထနေသည့် အထဲ ပူပြင်းလှသော မီးတွင် ကတ္တရာစေးမည်းများကို ကျိုကာ ဟိုသယ်၊ ဒီပို့နှင့်။

" ကိုကို ဘာတွေ အဲ့လောက်ကြည့်နေတာလဲ "

" ‌အင်....လျှံလေး အပြင်ဘက်ကို ကြည့်စမ်း။ လမ်းခင်းနေတဲ့သူတွေကို တွေ့ လား "

"အင်း၊ ဘာဖြစ်လို့လဲ "

"ဘာရယ်မဟုတ်ပါဘူး။ ကိုကို စဉ်းစားမိတာ။ သူတို့သာ မရှိရင် ကိုကိုတို့ ဒီလိုမျိုး အေးအေးလူလူနဲ့ သွားခွင့်ရမှာမဟုတ်ဘူးလို့။ ဘယ်သူမှ မလုပ်ချင်၊ မလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်ပေးနေသူတွေကို ဂုဏ်ပြုဖို့ကောင်းတယ်"

"သိလား....ဒီလောကမှာရှိ‌တဲ့လူတွေ အားလုံးက တစ်ယောက်ကို တစ်ယောက် အကျိုးပြုပြီး ရှင်သန်နေရတာ"

‌ပြောချင်တာတွေ ‌ပြောပြီးတော့ ချစ်လွန်းလျှံ ကို ကြည့်လိုက်တော့ သူသည်လည်း အပြင်ဘက်ကို စူးစမ်းနေ၏။ ကားပေါ်တွင် ဖွင့်ထားသော တီဗီက ဟာသကားတစ်ကားကို ပြနေသည်။

MY OWN PLANET (Z+U) [Completed]Where stories live. Discover now