MOP 28(Uni)

501 60 0
                                    

ရိှန်းကိုကို ကို ဖက်ထားသော ချစ်လွန်းလျှံ ၏ ခေါင်း‌လေးကို အုပ်ကိုင်ရင်း ‌ကျောပြင်ကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။

" ‌ကြောက်တယ်။ သား ကြောက်တယ် ကိုကို "

" ဘာကိုလဲ...လျှံလေး။ ကိုကို့ကို ‌ပြောပြလို့ရလား "

" သား...သား... အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာလေ.."

ကိုယ်ချင်းခွာလိုက်တော့ ချစ်လွန်းလျှံ က ခေါင်းငုံ ့လျက်သား။

" သား အိပ်မက်ထဲမှာ "

" ခဏ ခဏ "

အိပ်ရာ ‌ခြေရင်းရိှ စားပွဲပေါ်က ရေကို ဖန်ခွက်ထဲ ထည့်ပြီး ချစ်လွန်းလျှံ ကို ပေးလိုက်သည်။ ရေ‌‌သောက်ပြီးသည့်‌နောက် အနည်းငယ် စိတ်ငြိမ်သွားဟန်ရိှသော ချစ်လွန်းလျှံသည် ‌ရေခွက်လက်ကိုင်ကို လက်သည်းနှင့် ခြစ်နေ၏။

" ‌ပြောလို့ရပြီ လျှံလေး။ အိပ်မက်ထဲမှာ ဘာဖြစ်လဲ။ ဘာတွေတွေ ့လဲ"

" အိပ်မက် ထဲမှာ "

ချစ်လွန်းလျှံ တံတွေးမျိုချသည်ကို တွေ ့လိုက်သည်။ ဘာက ဒီလောက်တောင် လျှံလေးကို ပင်ပန်းစေတာလဲ။

" သွေးတွေ"

" အင်း ဘယ်လိုမျိုးလဲ "

ချစ်လွန်းလျှံ ၏ ပြည့်ဖူးနေသော ‌အောက်နွုတ်ခမ်းသားသည် တဆတ်ဆတ်တုန်‌နေသည်။

" လူကြီးတစ်ယောက်က ကလေးတစ်ယောက်ကို ဖက်ထားတယ်။ ကားတိုက်ခံထားရတယ် ထင်တယ်။ ‌‌ဘေးမှာလဲ သွေးအိုင်တွေနဲ့"

ရွိုက်သံကို ထိန်းကာ အားယူ‌ပြောနေရှာသည်။ ‌နောက်ဆုံးတော့ ချစ်လွန်းလျှံ ပြန်သတိရသွားပြီ။ သတိမရပါစေနဲ့ ဆိုပြီး မျေှာ်လင့်ထားတာ။

" အင်း အဲ့ဒါနဲ့ "

ချစ်လွန်းလျှံ ခေါင်းမော့လာသည်။ ကြောက်ရွံ ့မွုများက မျက်လုံးတွင် အတိုင်းသား။

" အဲ့ ကလေးက..."

မျက်ရည်များက ချစ်လွန်းလျှံ ပါးပြင်‌ပေါ်တွင် စီးကျလာသည်။

" သား..ဖြစ်နေတယ် "

ချစ်လွန်းလျှံ ၏ လက်ထဲက ရေခွက်ကို ယူကာ စားပွဲပေါ်ပြန်တင်ပြီး ခေါင်းငုံ ့ကာ ရွိုက်နေသော ချစ်လွန်းလျှံ ၏ လက်နှစ်ဖက်ကို အုပ်ကိုင်လိုက်သည်။ ခန္ဓာကိုယ်က တသိမ့်သိမ့်တုန်နေသည်။ ရိှန်းကိုကို ၏ လက်ခုံပေါ်တွင်မူူ ‌နွေးသော မျက်ရည်စက်များက တစ်ပေါက်ပြီး တစ်ပေါက်။

MY OWN PLANET (Z+U) [Completed]Donde viven las historias. Descúbrelo ahora