( U )
ဟိုတစ်နေ့ကမှ website တစ်ခုမှာတွေ့လိုက်သည့် old but gold စာအုပ်လေးတွေကို တစ်အုပ်ပြီးတစ်အုပ်ဖတ်နေတာ ဘယ်လောက်တောင်ကြာသွားလဲမသိ။
ကော်ဖီဘူးကို ကိုင်ကာသောက်လိုက်တော့ကော်ဖီတွေတောင် အေးစက်နေပြီဖြစ်သည်။
ကျွန်တော့ရဲ့ရှေ့မှာထိုင်နေတဲ့ Chanyeol ကလည်း စာအုပ်တစ်အုပ်ကိုဖတ်နေတုန်း လက်ပတ်နာရီကိုငုံ့ကြည့်လိုက်တော့ ညနေခြောက်နာရီတောင်ကျော်နေပြီဖြစ်တာမို့လို့ အဆောင်သို့ ပြန်ကိုပြန်ရတော့မည်ဖြစ်သည်။
Chanyeol ကိုနှုတ်ဆက်ဖို့ကျတော့လည်း စာအုပ်ထဲမှာ mood တော်တော်ဝင်နေတဲ့ပုံ၊ ဒီတိုင်းဘာမှမပြောဘဲ ပြန်ဖို့ကျတော့လည်း ရိုင်းရာကျသွားမည်လဲစိုးတာကြောင့် ဘာလုပ်ရမှာလဲမသိဖြစ်နေစဉ်မှာပဲ သူကကျွန်တော့်ကိုကြည့်ကာ
" ပြန်တော့မှာလား ''
" ဟမ် အင်း.. ''
ကျွန်တော်ပြန်ဖြေတော့မှ သူလည်းစာအုပ်တွေသိမ်းကာ လွယ်အိတ်ကိုကြိုးတစ်ဖက်သာလွယ်ပြီး မတ်တပ်ရပ်လိုက်သည်။သူက ထိုင်ခုံပေါ်မှာပဲထိုင်ကာအကြောင်သားဖြစ်နေတဲ့ ကျွန်တော့ကိုကြည့်ပြီး တည်ငြိမ်လေးနက်သောအသံဖြင့်ပြောလာ၏။
"သွားမယ်လေ''
သူပြောတော့မှ ကျွန်တော်လည်းလွယ်အိတ်ကိုလွယ်ကာ သူနှင့်အတူတူ စာကြည့်တိုက်ထဲမှ ထွက်လာခဲ့တော့သည်။ ကျွန်တော်တို့နှစ်ယောက်ကို အထူးအဆန်းသဖွယ်ဝိုင်းကြည့်နေကြတဲ့သူတွေ အားလုံးရဲ့အကြည့်တွေကိုလျစ်လျူရှုကာ..
ကားဂိတ်နားသို့ ရောက်တဲ့အထိကျွန်တော်တို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက်စကားမစမိသေး။ ဒီလိုမျိုးကြီးတိတ်ဆိတ်နေတာကြီးတော့ ကျွန်တော်လည်းမနေတတ်။ဒါကြောင့် အကြောင်းမရှိစကားရှာကာ စကားစလိုက်သည်။
" Chanyeol shi က ဒီကိုဘယ်တုန်းက စရောက်တာလဲ ''
" အရင်လက ''
အရင်လကဆိုတော့ သူရောက်တာသိပ်မကြာသေး။ ကျွန်တော်ကတော့ ဒီကိုရောက်တာရှစ်လလောက်ရှိနေပြီ ဖြစ်တဲ့အတွက် ဒီနိုင်ငံရဲ့culture & laws တွေနှင့်တော့ အနည်းငယ်ရင်းနှီကာစပြုနေပြီဖြစ်သည်။
YOU ARE READING
The boy who can govern me [COMPLETED]
FanfictionI want all of my lasts to be with you.