[ Unicode ]
တစ်ညလုံး ဖျားနေတဲ့Baekhyunကိုကိုယ်ဖိရင်ဖိ
ပြုစုပေးနေရတာကြောင့်Chanyeolမှာ
အိပ်ရေးပျက်ပြီးမျက်ကွင်းတွေတောင်ညိုနေသည်။တစ်ရေးမှေးလိုက် ပြန်ထလိုက်၊Baekhyun
ရဲ့နဖူးပေါ်လက်တင်ပြီး အပူချိန်စမ်းလိုက်၊
စောင်ထခြုံပေးလိုက်နဲ့သူ့မှာကောင်းကောင်းမအိပ်နိုင်။ချွေးထွက်လွန်ပြီး ပြန်ဖျားမှာလည်းစိုးတာကြောင့်
တရေးနိုးတိုင်း Baekhyunရဲ့
ခန္ဓာကိုယ်မှာချွေးတွေရွှဲမရွှဲထထကြည့်ရသေးသည်။တစ်ခါ နံနက်ငါးနာရီထိုး alarm မြည်တာနဲ့
ချက်ချင်းထကာ Baekhyunကို
ရေပတ်တိုက်ပေးပြီးအဝတ်အစားတွေ
လဲပေးရသေးသည်။အိပ်ချင်လွန်းတာကြောင့် တဝါးဝါးသမ်းနေရသော်လည်း
Chanyeolက မျက်လုံးကိုအတင်းပြူးထားကာ
Baekhyun နိုးလာရင်ကျွေးဖို့အတွက် မီးဖိုချောင်ထဲမှာ
အလုပ်တွေရှုပ်နေတော့သည်။Baekhyun စားဖို့သောက်ဖို့အတွက်အကုန်
ပြင်ဆင်ပြီးတာနဲ့ကုမ္ပဏီသွားဖို့အတွက်
ရေမိုးချိုးပြီးအဝတ်အစားကို မြန်မြန်လဲရလေသည်။Chanyeolလည်းရေချိုးပြီး ကုတင်ပေါ်က
စောင်ခြုံထဲမှာကွေးကွေးလေးအိပ်နေတဲ့
Baekhyunကလည်း အချိန်ကိုက်ပင်
နိုးလာလေသည်။" မောင် ''
" ဗျာ ~ ''
စောင်ထဲကနေမထွက်သေးဘဲ မောင်ဟု
တဖွဖွခေါ်နေသည့် Baekhyun ကြောင့်
Chanyeolမှာ အရင်ဦးဆုံးသဘက်တစ်ထည်ဖြင့်
ရေကိုမြန်မြန်ခြောက်အောင်သုတ်ရလေသည်။
ထို့နောက် ဗီဒိုကိုအမြန်ဖွင့်ပြီး တွေ့ရာshirt
အကျႌနဲ့ဘောင်းဘီကိုအမြန်ကောက်ဝတ်လိုက်သည်။
ပြီးတော့မှ ကုတင်ပေါ်ကိုတက်ပြီး စောင်ခေါင်းမြီးခြုံ
ထားတဲ့Baekhyunရဲ့ကိုယ်လုံးလေးကို
ပွေ့ဖက်ထားလိုက်သည်။" မောင့်အသည်းအသက်လေး ~ ''
Chanyeolဘယ်လိုပဲခေါ်ခေါ်
Baekhyunကလုံးဝပြန်မထူး။
သူခေါ်တုန်းမှာချက်ချင်းအနားကိုရောက်မလာတာ
ကြောင့် စိတ်ကောက်နေမှန်းChanyeol
ချက်ချင်းပင်ရိပ်မိလိုက်သည်။" ဘာလို့ ချက်ချင်းအနားကိုရောက်မလာတာလဲ? "
ရန်ထောင်တဲ့အသံစွာစွာလေးနဲ့ပြောလာသည့်
Baekhyunကြောင့် Chanyeolက
သဘောကျစွာပြုံးလိုက်သည်။
YOU ARE READING
The boy who can govern me [COMPLETED]
FanfictionI want all of my lasts to be with you.