CHAPTER [ 14 ]

6.7K 1K 101
                                    

(U)

" ဟဲ့ ဟိုမှာ Chanyeol shi ''

မောင်နှမနှစ်ယောက် အတူတူလမ်းလျှောက်နေရင်း Library ရှေ့ရောက်တော့ Sung Be က ကျွန်တော့်ကိုလက်ကုတ်ကာသတိပေးလာသည်။

မောင်က သူ့ပင်ကိုယ် style အတိုင်းလွယ်အိတ်ကို တစ်ဖက်တည်း လွယ်ထားကာ Shirt အရောင်လွင့်လွင့်လေးကို လက်ခေါက်ကာ ဂျင်းဘောင်းဘီနဲ့တွဲဝတ်ထားလေသည်။

ရှည်လျားလှသောအရပ်ကြီးကြောင့် မောင်ကလူကြားထဲတွင် အမြဲထင်းနေတတ်သည်။ အဲ့ဒါကြောင့်ပဲ မောင့်အနားမှာဆို ကောင်မလေးတွေက ရစ်သီရစ်သီလုပ်ကြတာမဆန်း။မောင်ကနာရီတကြည့်ကြည့်လုပ်နေပြီး လက်ထဲမှာလည်း ထမင်းဘူးကို ကိုင်ထားသေးသည်။

" ဘယ်သူ့ကို စောင့်နေတာလဲမသိဘူး ''

Sung Be က မောင့်ရဲ့ပုံစံကို ကြည့်ကာသုံးသပ်နေတော့ ကျွန်တော်လည်း သူမမြင်အောင်ခိုးပြုံးလိုက်လေသည်။

မောင်ကငါ့ကိုစောင့်နေတာလို့ ငတိမလေးရဲ့နဖူးကိုဖြောင်းခနဲ မြည်အောင်ရိုက်ကာ ပြောချင်သည့်စိတ်ကို မနည်းထိန်းထားရသည် ။

မောင်က ကျွန်တော့်ချစ်သူဆိုတာသာ Sung Beသိသွားရင် ရည်းစားအရင်ရတဲ့ ကျွန်တော်က Iphone ဝယ်ပေးရမှာ။သူသိလို့မဖြစ်သေး။

Yixing လေးရဲ့ album တွေ ဝယ်တုန်းကလည်း ပြန်ဆပ်မယ်ဆိုတဲ့ ပိုက်ဆံတွေကိုလည်းပြန်မရသေးသည့်အပြင် တစ်ခုခုစားတိုင်း ဘယ်တော့မှပိုက်ဆံမထုတ်ဘဲ ကိုယ့်ဆီကကပ်ရပ်စားတာတွေ တာ်တော်များနေပြီဖြစ်သည်။

" နင် ဒီနေ့အတန်းချိန်ကဘယ်တော့ပြီးမှာလဲ၊အတန်းလစ်မှာလား ဒီနေ့ ''

" 4နာရီမှ အတန်းပြီးမှာ။ ကျောင်းသားဆိုတာ အတန်းမလစ်ရဘူး။ အတန်းလစ်တဲ့ကျောင်းသားက ကျောင်းသားကောင်း တစ်ယောက်မဟုတ်ဘူး''

" Xing လေးရဲ့ Fansign က နေ့လည်တစ်နာရီနော် ''

" ငါတို့ဆယ့်တစ်နာရီတည်းက သွားတန်းစီထားကြမယ်လေ ''

Xing လေးရဲ့ Fansign ဆိုတဲ့အသံကြားတာ နှင့်ချက်ချင်း ပြောင်းလဲသွားတဲ့ ကျွန်တော့်ကိုကြည့်ကာ Sung Beက
မျက်စောင်းထိုးသည်။

The boy who can govern me [COMPLETED] Where stories live. Discover now