( U )
တစ်မနက်လုံး အေးအေးလူလူစာသင်ခဲ့သမျှ English
စာသင်ရမယ့် အချိန်ရောက်တော့ အခက်တွေ့တော့လေသည်။IELTS band 7 နှင့်အထက်ရတဲ့သူတွေက အတူတူသင်
ရမည့်အတွက် ဂြိုဟ်သူမလေး Lee Sung Be နှင့် တစ်ခုံတည်းထိုင်ရတော့မှာမလွဲမသွေ။မမြင်ချင်လွန်းလို့ မနက်က ကျွန်တော်တို့စာသင်ဆောင်နှင့်
ဝေးသည့်အဆောင်က ဆရာနှင့်သူ့ကိုအပ်ပေးခဲ့သည်။ဒါတောင် ဆယ်နာရီခွဲဒေါင်ခနဲဆိုတာနှင့် ကျွန်တော်တို့အခန်းရှေ့ကို လွယ်အိတ်ကြီးပိုက်ကာ အူယားဖားယားပြေးလာပုံကအမြင်ကပ်စရာအပြည့်။
အခန်းထဲကဆရာကလည်း အချိန်ကုန်သည့်တိုင် မထွက်သေးသည့်အတွက် အိပ်ချင်စိတ်ကထိန်းမရတော့။
မနေ့ကတစ်ညလုံးလည်း ညီမဖြစ်သူနှင့် စကားနပန်းသတ်ကာ အိပ်ရေးပျက်ထားတာကြောင့် ကျွန်တော့်မှာစာသင်ချိန်
ကြီးကို ငိုက်နေလေသည်။ကျောင်းသားတွေရဲ့ သဘောသဘာဝအရ အိပ်ငိုက်ခြင်း၊မုန့်ခိုးစားခြင်းနှင့် စာခိုးချခြင်းဟူသောအရာတို့တွင် တစ်ဖက်ကမ်းတတ်မြောက်ခြင်းကြောင့် ကျွန်တော်သည်လည်း ဆရာကစာရှင်းပြနေရင်း ကျွန်တော်နှင့်အကြည့်ချင်းဆုံသည့်အခါ မျက်လုံးကိုပြူးထားကာ ပါးစပ်မှတစ်ခုခုကို ရွတ်ဆိုသလို လုပ်နေလိုက်ပြီး တခြားတစ်ဖက်သို့ ဆရာကအကြည့်လွှဲသွားရင် ပြန်ငိုက်နေလိုက်သည်။
ဘေးနားက Chanyeol ကတော့ ကျွန်တော့်ကိုကြည့်ကာရယ်နေတာသိပေမဲ့ ငိုက်ချင်သည့်စိတ်ကထိန်းမရနိုင်။
ကျွန်တော့်မျက်ခွံတွေက ဆန်အိတ်တစ်အိတ်ကို သယ်ထားရသည့်နှယ် လေးလံလွန်းနေသည်။
ခဏလောက်ကြာတော့ ခုံအောက်ကနေ ကျွန်တော့်လက်ကိုဆုပ်ကိုင်လာတဲ့သူကြောင့် အနည်းငယ်လန့်သွားရသည်။
တရားခံက Park Chanyeol
ကျွန်တော့်လက်ဝါးပေါ်ကို ပရုတ်ဆီဟုထင်ရသော ဆေးကိုဖွဖွလေး လိမ်းပေးကာနှိပ်နယ်ပေးသည်။
" အရမ်းအနံ့မစူးဘူး ခပ်သင်းသင်းလေးပဲ ''
ကျွန်တော်လည်း သူဆေးလူးပေးထားတဲ့ လက်ဖဝါးကိုနမ်းကြည့်လိုက်တော့ သူပြောသလိုပင် အနံ့ကသင်းသင်းလေးဖြစ်တဲ့အတွက် ခေါင်းတောင်ကြည်သွားသည်။
YOU ARE READING
The boy who can govern me [COMPLETED]
FanfictionI want all of my lasts to be with you.