CHAPTER [ 24 ]

5.1K 879 150
                                    

[ Unicode ]

မျက်နှာကိုကြည့်ကာအကဲခတ်သလိုကြည့်နေတဲ့
ယောက္ခမကြီးကြောင့် Chanyeolမှာ
အသက်ဖြောင့်ဖြောင့်တောင်မရှူရဲဖြစ်နေသည်။

ဘေးနားကBaekhyunကတော့အဖေကိုတစ်လှည့်
အမေကိုတစ်လှည့် Chanyeolကိုတစ်လှည့်ကြည့်ကာ
စိတ်ပူနေရသည်။မိဘတွေသဘောမတူမှာထက် Chanyeolကိုတစ်ခုခုပြောလိုက်မလားဟူ၍
ကြောက်နေတာဆိုပိုမှန်လိမ့်မည်။

အမေကအဲ့လောက်မဟုတ်သော်လည်း
အဖေက Chanyeolကိုတစိုက်မတ်မတ်ကြည့်နေ
တာကြောင့်အဖေ့ရဲ့စိတ်နေစိတ်ထားကိုခန့်မှန်းလို့မရ။
အမေကလည်း ခပ်တည်တည်မျက်နှာထားကြီးနဲ့
နေနေတာကြောင့် Baekhyun မှာမျက်ခုံးလှုပ်နေရသည်။

...Park Chanyeolနောက်လိုက်သွားရင်
အမွေပြတ်စွန့်လွှတ်မယ်...

စိတ်ကူးထဲမှာအဖေနဲ့အမေကအော်ပြောနေပုံကို
စဉ်းစားမိပြီး Baekhyunကမခို့တရို့ပြုံးလိုက်သည်။

အမွေဖြတ်လည်းဘာဖြစ်လဲ ရထားတဲ့ချစ်သူကြီးက
အလုပ်မရှိအကိုင်မရှိ တစ်ရာ့ကိုးတစ်ရာ့တစ်ဆယ်မှ
မဟုတ်ဘဲ။ မိဘတွေရဲ့အကူအညီအထောက်အပံ့မပါဘဲ
နဲ့တောင်Baekhyunကိုပြည့်ပြည့်စုံစုံထားနိုင်သည့်
သူမျိုးပင်ဖြစ်သည်။

ဒရာမာတွေထဲလို Chanyeolကိုရေနဲ့ပက်တာတို့၊
ဆားနဲ့လောင်းချတာမျိုးလုပ်ရင် မောင့်နောက်ကို
တစ်ခါတည်းလိုက်သွားမည်ဟုBaekhyunစဉ်းစား
ထားသည်။

" Chanyeol ! "

" ဟုတ်ကဲ့အဖေ ''

အတော်အတန်ကြာမှ စတင်ပြီးစကားစလာသည့်
Baekhyun ရဲ့အဖေကြောင့်Baekhyun
မှာလှုပ်လှုပ်ရွရွဖြစ်သွားရသည်။Chanyeolက
တော့အမူအရာကိုမဖော်ပြသော်လည်းဘယ်လောက်
စိတ်လှုပ်ရှားနေကြောင်းကို မျက်ဝန်းတွေကနေတစ်ဆင့်
သိနိုင်လေသည်။

" ဟေ ငါ့ကိုဘာလို့အဖေလို့ခေါ်တာလဲ?
ငါကမင်းအဖေမှမဟုတ်တာ ! "

"Byun Baekhyun ရဲ့အဖေဖြစ်နေလို့ပါ။
Baekhyunရဲ့အဖေဆိုတော့ကျွန်တော့်ရဲ့အဖေလိုပဲပေါ့''

" ဟုတ်တယ် ဟုတ်တယ် ''

Baekhyunကထောက်ခံစွာရယ်မောရင်းခေါင်းငြိမ့်တော့
အမေဖြစ်သူက ငြိမ်ငြိမ်နေစမ်းဟူသောအကြည့်ဖြင့်
ခြိမ်းခြောက်သည်။

The boy who can govern me [COMPLETED] Where stories live. Discover now