#Authors_Who_Campaign_Against_Rape_Case ဆိုတဲ့ Campaign လေးမှာပါဝင်ဖို့
Author MalEaint တိုက်တွန်းလို့ ရေးဖြစ်သွားတဲ့
ဟန့်ရဲ့ ဒုတိယမြောက် OC Short Story
#Shutdown_The_Fear 🦋Shutdown The Fear (Chapter - 1)
~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*တူ.....တူ.....တူ.....
တစ်ဖက်ကဖုန်းဖြေလာမယ့်အသံကို စိုးရိမ်စိတ်အချို့နဲ့ စောင့်နေမိတယ်။ စိတ်မောလူမောဖြစ်ပြီး ဖုန်းကိုင်ထားတဲ့လက်ဟာ မသိမသာတုန်ရင်နေလေရဲ့။
(ဟဲ...လို...အဟွပ် အဟွပ် အဟွပ် အဟွပ် !! အဟမ်းဟမ်း)
ဖုန်းဖြေသံနဲ့အတူ ချောင်းသလိပ်ဟပ်သံက ဆက်တိုက်ဆိုသလို ကြားလိုက်ရပြန်တော့ ရင်ထဲကအလုံးကြီးကျသွားပေမယ့်လို့ အပူမီးကမငြိမ်းနိုင်သေး။
"အမေကြီး! အမေကြီး သတိရလာပြီလား အခုဘယ်လိုနေသေးလဲ။ ချောင်းတွေကအရမ်းဆိုးနေတာပဲ။ ဆရာမလေးကိုရော သွားပင့်လိုက်ရဲ့လား။ အခုအနားမှာရော မမမော်တော့ရှိနေတယ်မဟုတ်လား"
(အဟမ်း... မိနွယ် ညည်းက မမောမပန်း ခရားရေလွှတ်မေးနိုင်ပေမယ့် ကျုပ်က အဟွပ်ဟွပ်! မောတယ်တော်ရေ့ အဲ့ဒီလောက်အစုံအစိပြန်မဖြေနိုင်ဘူး)
"အမေကြီးရယ် သမီးကစိတ်ပူလို့ပါ။ မနက်က အစည်းအဝေးရှိလို့ ဖုန်းပိတ်ထားလိုက်တာ။ ပြီးသွားလို့ဖုန်းလည်းပြန်ဖွင့်ရော မမမော်က ဖုန်းတွေအကြိမ်ပေါင်းမနည်းဘူးခေါ်ထားတယ်လေ။ သမီးဖုန်းမကိုင်နိုင်မှန်းသိတော့ အမေကြီးမူးလဲသွားတယ်ဆိုတဲ့အကြောင်း စာလှမ်းပို့ထားလေရဲ့။ အခုမြင်တာနဲ့ချက်ချင်းဖုန်းလှမ်းခေါ်လိုက်တာ အမေကြီးကိုယ်တိုင်ဖုန်းဖြေတော့မှ ဒီဘက်က အသက်ဝဝရှူနိုင်တော့တယ်"
(အမယ်မင်း မိနွယ် ကျုပ်ကိုမပူစမ်းပါနဲ့အေ။ ညည်းသာမြို့ကြီးမှာပင်ပန်းနေရတာ။ ကျုပ်လိုအရွယ်အိုကြီးက မမာတာမဆန်းဘူး။ အဟွပ်ဟွပ်! ဒီမှာ မိမော်တို့လည်းရှိပါ့။ အခုတော့ဆရာမလေးနဲ့လိုက်သွားပြီး ဆေးပေးခန်းမယ် လိုတာတွေသွားယူနေတယ်။ ကျုပ်ကိုတစ်ရွာလုံးကလည်းကြည့်ပါ့တော်။ ညည်းသာ မယ်တင်တို့နဲ့နေရတာပင်ပန်းမှာပါ့။ အဟွပ်! ညည်းအဆင်မပြေမှန်းကျုပ်သိပါတယ်တော် ကျုပ်မြေးမကြီးလည်း ဝန်ထမ်းမြန်မြန်ဖြစ်မှ အေးမှာပါတော်...)
BẠN ĐANG ĐỌC
Shutdown The Fear
Truyện Ngắnကိုယ်ဟာအားနွဲ့တဲ့မိန်းမသားမို့ ပြုသမျှနုရမယ်ဆိုတဲ့အတွေးကို ခေါင်းထဲကကန်ထုတ်ပစ်လိုက်။ ကိုယ့်ခန္ဓာကိုယ်မှာ ကိုယ့်စိတ်တိုင်းကျဆင်ယင်တာကို ကြံဖန်အပြစ်ပြောချင်တဲ့သူတွေကိုလည်း ဉာဏ်မမှီဘူးလို့သတ်မှတ်လိုက်။ အနိုင်ကျင့်စော်ကားမှုတွေကို ငြိမ်ခံစရာမလိုဘဲ ပြန်...