Shutdown The Fear (Chapter - 2)
~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*၂၄နာရီ ၇ကြိမ်စာရှိတဲ့ ရက်သတ္တပတ်တွေ တစ်ခုပြီးတစ်ခုကျော်ဖြတ်လာရင်း အချိန် ၃လ ကုန်သွားပြန်တယ်။ တရားဝင်ဝန်ထမ်းအဖြစ်ခန့်အပ်ကြောင်း အမိန့်စာကိုမျှော်ရင်းနဲ့ပဲ ကျွန်မရဲ့မနက်ခင်းတွေ မိုးချုပ်သွားပြန်တယ်။
မနက်ဖြန် ရုံးဝန်ထမ်းအစ်မတစ်ယောက်ရဲ့ ကလေး ရက်တစ်ရာပြည့်အတွက် လက်ဆောင်ဝယ်ပေးဖို့ ရုံးကအပြန် ဈေးထဲခဏဝင်လိုက်တယ်။ ကလေးအသုံးဆောင်ပစ္စည်းအရောင်းဆိုင်ကနေ ဈေးအသင့်အတင့်ရှိတဲ့ ကလေးပေါင်ဒါဗူးလေးတစ်ဗူးဝယ်ပြီး ပြန်ထွက်အလာ...
"ဟယ်! သမီးနွယ်"
"အန်တီချို..."
ဈေးထဲမှာ မထင်မှတ်ပဲဆုံတဲ့သူက အမေ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်း အန်တီချိုလို့ခေါ်တဲ့ ဒေါ်ချိုချိုမာ။ အန်တီချိုတို့မိသားစုက ရွာမှာပြည့်စုံတဲ့အသိုင်းအဝိုင်းကြီးစာရင်းထဲပါတယ်။ မန္တလေးက ကုန်သည်တစ်ယောက်နဲ့အကြောင်းပါပြီး မန္တလေးမှာပဲအခြေချနေတဲ့သူ။ အမေနဲ့ရွယ်တူ အသက်'၄၀'ကျော်'၅၀' ဆိုပေမယ့် ပျိုမျစ်လှပဆဲပင်။
"တကယ်ပဲ သမီးနွယ်ဖြစ်နေတာကိုး။ အန်တီအဝေးကလှမ်းကြည့်တော့ သမီးနဲ့တူပါတယ်အောက်မေ့နေတာ။ သမီးကဆံပင်တွေရှည်ပြီး ခန္ဓာကိုယ်လေးပြည့်လာတော့ ရုတ်တရက်ဇဝေဇဝါဖြစ်သွားတာ။ သမီးနဲ့အန်တီ နောက်ဆုံးတွေ့ခဲ့တာ တော်တော်ကြာပြီထင်တယ်နော်"
"ဟုတ်တယ် အန်တီချို သမီး ဆယ်တန်းဖြေပြီးတဲ့အချိန် အန်တီချိုရွာကိုအလည်ပြန်လာတုန်းက နောက်ဆုံးတွေ့ ခဲ့တာပဲ။ ၇နှစ်လောက်တောင်ရှိပြီပေါ့"
"လာ သမီးနွယ် အန်တီတို့ဆုံတုန်း စကားလေးဘာလေး အေးအေးဆေးဆေးပြောကြရအောင် ဆိုင်တစ်ဆိုင်အရင်ထိုင်ကြမယ်"
"ဟုတ်ကဲ့ အန်တီချို"
ဈေးအပြင်ဘက်မှာရှိတဲ့ အအေးဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်လိုက်ကြတယ်။သောက်စရာတစ်ယောက်တစ်မျိုးစီမှာပြီးတာနဲ့ အန်တီချိုက စကားပြန်ဆက်တယ်။
"သမီးနွယ်ကတော့ တစ်ခါတွေ့ရင်တစ်ခါဆိုသလို တကယ်ကိုလှသွေးကြွယ်လာတာပဲ။ အန်တီချိုဖြင့် ရုတ်တရက်မမှတ်မိချင်ဘူးဖြစ်သွားတယ်။ အခုလိုအနီးကပ်သေချာကြည့်မှပဲ သမီးက အေးဝေနဲ့အတော်တူတာပဲ"
VOUS LISEZ
Shutdown The Fear
Nouvellesကိုယ်ဟာအားနွဲ့တဲ့မိန်းမသားမို့ ပြုသမျှနုရမယ်ဆိုတဲ့အတွေးကို ခေါင်းထဲကကန်ထုတ်ပစ်လိုက်။ ကိုယ့်ခန္ဓာကိုယ်မှာ ကိုယ့်စိတ်တိုင်းကျဆင်ယင်တာကို ကြံဖန်အပြစ်ပြောချင်တဲ့သူတွေကိုလည်း ဉာဏ်မမှီဘူးလို့သတ်မှတ်လိုက်။ အနိုင်ကျင့်စော်ကားမှုတွေကို ငြိမ်ခံစရာမလိုဘဲ ပြန်...