Shutdown The Fear (Chapter - 4)END
~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~*~မွှေးမွှေးအကြောင်းကိုတွေးပြီး တစ်ညလုံးတစ်မှေးမှမအိပ်ဖြစ်ဘဲ မိုးစင်စင်လင်းခဲ့တယ်။ ရုံးမှာ မနက်၈နာရီ အရေးကြီးအစည်းအဝေးရှိတယ်ဆိုတဲ့အကြောင်း မမဖြူကစာလှမ်းပို့ထားတော့ ရုံးကို မနက်၇နာရီအရောက်အပြေးသွားရပြန်တယ်။
မနေ့ကတစ်ရက်လုံးခွင့်ယူထားတော့ တချို့သောလူကြီးသူမများက ကျွန်မအပေါ်သိပ်မကြည်လင်။ ရုံးအပေါ်ထပ်နဲ့အောက်ထပ်ကို အကြိမ်ရေများစွာ အတက်အဆင်းလုပ်နေရတော့ အိပ်ရေးမဝခဲ့တဲ့ခန္ဓာကိုယ်က ဘယ်လိုမှ ဟန်မဆောင်နိုင်တော့...
လက်နှစ်ဖက်လုံးအပြည့် ဖိုင်တွဲတွေတစ်ထပ်လိုက်သယ်လာတော့ ဘေးဘီကိုလှမ်းမထိန်းလိုက်နိုင်ဘဲ ပြိုလဲတော့တယ်။ မာကျောတဲ့အုတ်ကြမ်းခင်းပြောင်ပြောင်နဲ့ မိတ်ဆက်ရတော့မယ့်အရေးကိုကြိုတွေးမိပြီး မျက်လုံးတွေမှိတ်ချပစ်လိုက်တယ်။
"ဟာ ! ဟေ့..."
ယောက်ျားတစ်ယောက်ရဲ့ အာမေဋိတ်အသံနဲ့အတူ ကျွန်မပြိုလဲကျသွားတာ ကျယ်ပြန့်တဲ့ရင်ခွင်တစ်ခုဆီ...
"ဟေ့ သတိထားလေ!!"
ကျွန်မရဲ့ပခုံးကို အသာထိန်းထားပေးတဲ့ထိုလူက စိုးရိမ်တဲ့အသံနဲ့မေးလာတယ်။ ဘယ်လိုပဲ တိုက်ဆိုင်လို့ကူညီတာပဲဆိုဆို ရုံးတွင်းပတ်ဝန်းကျင်ဖြစ်နေတော့ ယောက်ျားတစ်ယောက်ရဲ့ရင်ခွင်ထဲခိုနေလို့မဖြစ်။ ရိုးရိုးသားသားပါ ဆိုတဲ့စကားက တခြားလူပြောရင်ယုံပေးလို့ရပေမယ့် ကျွန်မလိုမိန်းကလေးကပြောရင် ယုံပေးမယ့်သူရှိမှာမဟုတ်ဘူး။ ဘဝပေးအခြေအနေကွာတယ်လေ...
"ဟုတ် ရ... ရပါတယ်"
ဘယ်သူဘယ်ဝါမှန်းလည်းမသိ မျက်နှာကိုတောင်မော့မကြည့်ပါဘဲ 'ရပါတယ်' ပြောပြီးအတင်းရုန်းထွက်ဖို့ကြိုးစားလိုက်တယ်။ မူးနောက်နေတဲ့ခေါင်းက မတ်မတ်ရပ်ဖို့တောင် အခွင့်အရေးမပေးခဲ့ဘူး။ အဲ့ဒီလူရဲ့ရင်ခွင်ထဲကို နောက်တစ်ကြိမ်ပြိုလဲကျပြန်တယ်။ အဖြစ်မရှိတဲ့ ကျွန်မကိုယ်ကျွန်မ မုန်းလိုက်တာ...
"နွယ် !!"
သိပ်ကိုရင်းနှီးတဲ့ အသံပိုင်ရှင်။
ကျွန်မနာမည်ကိုခေါ်ပြီး အနားရောက်လာသူက ကျွန်မအပေါ်စိတ်ရင်းနဲ့ဆက်ဆံပေးတဲ့ ရှားရှားပါးပါးမိတ်ဆွေတွေထဲကတစ်ယောက်ဖြစ်တဲ့ AE မစန်းရီ။
أنت تقرأ
Shutdown The Fear
القصة القصيرةကိုယ်ဟာအားနွဲ့တဲ့မိန်းမသားမို့ ပြုသမျှနုရမယ်ဆိုတဲ့အတွေးကို ခေါင်းထဲကကန်ထုတ်ပစ်လိုက်။ ကိုယ့်ခန္ဓာကိုယ်မှာ ကိုယ့်စိတ်တိုင်းကျဆင်ယင်တာကို ကြံဖန်အပြစ်ပြောချင်တဲ့သူတွေကိုလည်း ဉာဏ်မမှီဘူးလို့သတ်မှတ်လိုက်။ အနိုင်ကျင့်စော်ကားမှုတွေကို ငြိမ်ခံစရာမလိုဘဲ ပြန်...