Ch-4

7.1K 1.3K 13
                                    

Unicode

မင်းသူ့ကိုကြိုက်နေတုန်းပဲလား?

ကျွမ်ဇီ နဲ့ ကျောက်ယွင်ချန်းက အခန်းတစ်ခန်းထဲမှာ အတူတူနေနေခဲ့ကြတာ။ အခုတော့ကျွမ်ဇီရှိနေတဲ့ဘေးက အိပ်ရာဘက်ခြမ်းက အခုချိန်ထိ ကွက်လပ်ဖြစ်နေတုန်းပဲ။ မီးရောင်ခပ်မှိန်မှိန်အောက်က သေသပ်သပ်ရပ်နေတဲ့ အဖြူရောင်အိပ်ရာခင်းက ဈာပနအခမ်းအနားက ပွဲအပြင်အဆင်လိုပဲ အုံ့မှိုင်းပြီးတော့ တိတ်ဆိတ်နေခဲ့တယ်။

ကျွမ်ဇီ မျက်နှာကြက်ကိုသာ စိုက်ကြည့်နေလိုက်ပြီး နှင်းလိုဖြူနေတဲ့ ပန်းမွေ့ရာကြီးပေါ်မှာ လဲလျောင်းနေတယ်လို့ စိတ်ကူးယဉ်နေလိုက်တယ်။ သူ့မျက်လုံးတွေကိုသာမှိတ်လိုက်ရင် တခြားကမ္ဘာကိုရောက်သွားတော့မလို ထင်ရစေတယ်။

တံခါးကချောက်ခနဲပွင့်သွားပြီးတော့ ကျောက်ယွင်ချန်းရဲ့ အရက်နံ့တွေလှိုင်နေတဲ့ ခန္ဓာကိုယ်ကြီးက အခန်းတွင်းကိုဝင်ရောက်လာခဲ့တယ်။

ကျွမ်ဇီအံဩတကြီး ထထိုင်လိုက်တယ်။ ကျောက်ယွင်ချန်းက ကျွမ်ဇီရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်တယ်။ သူထွက်ပြေးသွားမှာကို ကြောက်နေသလိုမျိုးပဲ...။ ကျောက်ယွင်ချန်းက ကျွမ်ဇီကို သူ့ရဲ့နီရဲနေတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေပြီးနောက် ပြောလိုက်တယ်။

"သူဟိုဘက်ခန်းထဲမှာ"

ကျွမ်ဇီရဲ့နှလုံးသားက ရုတ်တရက်ဆိုသလို တင်းကြပ်သွားခဲ့တယ်။ ကျောက်ယွင်ချန်းက ဘာလို့သူ့ကို ဒီအကြောင်းလာပြောပြနေရသလဲဆိုတာ သူမသိဘူး။

ကျောက်ယွင်ချန်းကကျွမ်ဇီကို စိုက်ကြည့်နေခဲ့တယ်။ သူတို့ကအရမ်းနီးကပ်လွန်းနေတာကြောင့် သူစကားပြောနေတဲ့အချိန်မှာ ကျွမ်ဇီ စကားတစ်ခွန်းလေးတောင်မှ ပြောမထွက်နိုင်ဘူး ဖြစ်နေခဲ့တယ်။

"သူဟိုဘက်ခန်းမှာ ရေချိုးနေတယ် သူငါ့ကိုစောင့်နေတာ"

အဆုံးမှာတော့ ကျွမ်ဇီက ကျောက်ယွင်ချန်းကို ပြန်မကြည့်ခဲ့လေဘူး။ သူက သူ့ရဲ့ပါးလျတဲ့နှုတ်ခမ်းသားတွေကို လှုပ်ပြီးတော့သာပြန်ဖြေလိုက်တယ်။

ချိုပေမဲ့, တိုတိုလေး (ဘာသာပြန်)Where stories live. Discover now