Ch-12

5.7K 1K 10
                                    

Unicode

ကုန်းချင်က သူ့ကိုမချစ်ဘူး။

ဧည့်သည်ခန်းထဲမှာတော့ ဟယ့်လင်က စိုးရိမ်ပူပန်မှုတွေရော၊ ဘဝင်မကျမှုတွေပါ ခံစားနေရတယ်။

သူညရောက်တော့ ပုံမှန်ထက် နောက်ကျပြီးမှ ထလာခဲ့ပြီး သူတို့ရဲ့အိပ်ခန်းထဲကို သွားလိုက်တယ်။ ကုန်းချင်က အိပ်ရာရဲ့ ဘယ်ဘက်အခြမ်းမှာ ငြိမ်သက်စွာ အိပ်ပျော်နေတာကို သူတွေ့လိုက်ရတယ်။

သူတစ်ညလုံး အိပ်မပျော်နိုင်ခဲ့ဘူး။ ကုန်းချင်ကတော့ အိပ်မောတောင်ကျနေခဲ့ပြီ။

သူ သူ့နေရာမှာ ဝင်အိပ်လိုက်ပြီးတော့ ဟိုဘက်ခြမ်းကို စည်းလုံးဝမကျော်ခဲ့ဘူး။

ဟယ့်လင်က လသာဆောင်မှာ တစ်ညလုံး ဆေးလိပ်ထိုင်သောက်နေခဲ့တယ်။ ဒါပေမဲ့ နောက်တစ်နေ့မနက် နေထွက်လာတဲ့အချိန်မှာတော့ သူနောင်တရနေခဲ့တယ်။

သူ့ရဲ့နိယာမသဘောတရားတွေက ကုန်းချင်အရှေ့မှာ ဘာအဓိပ္ပါယ်မှမရှိခဲ့ဘူး။

သူတို့ရဲ့ အရင်ကဘဝလေးကို ထိန်းသိမ်းနိုင်ဖို့အတွက် သူအဖြေရှာတာမျိုးတွေ ဒါမှမဟုတ် စုံစမ်းစစ်ဆေးနေတာမျိုးတွေကို မလုပ်သင့်ဘူး။

လူတွေက သိပ်ပြီးတော့ လောဘမကြီးသင့်ဘူး။ ကုန်းချင်ကို ပထမဆုံး စလိုက်ခဲ့တာသူပဲ။ သူဘာတွေများ ထပ်လို‌ချင်နေသေးတာလဲ?

သူ ကုန်းချင်ကို သူ့အနားမှာ ခုနစ်နှစ်ကြာတဲ့အထိ ထားခဲ့တယ်။ ကုန်းချင်သာသူ့ကို ချစ်မလာဆဲပဲဆိုရင် သူတခြားဘာတွေများ လုပ်နိုင်ဦးမှာလဲ?

ဒီကိစ္စမှာ... ကုန်းချင်က သူ့ကိုရော၊ သူ့ဘဝကြီးကိုပါ နေသားကျသွားသင့်နေပြီ။

သူသာ အခုအနေအထားလေးကို အရင်အတိုင်း ထိန်းသိမ်းထားနေသ၍ ကုန်းချင်ဘက်ကလည်း သေချာပေါက်ကို ဒီအတိုင်းလေး ဆက်ထိန်းထားမှာပဲ။

ဒါက ဘာတွေများမှားနေခဲ့လို့လဲ? သူတို့ရဲ့နေ့ရက်တွေက အချစ်တွေနဲ့ ပြည့်နှက်နေခဲ့တာပဲလေ။ ဒီထဲမှာ နစ်မြုပ်ပျော်ဝင်နေတဲ့သူက သူတစ်ယောက်တည်းဖြစ်နေတယ် ဆိုရင်တောင်မှပဲပေါ့။

ချိုပေမဲ့, တိုတိုလေး (ဘာသာပြန်)Where stories live. Discover now