Ch-10

5.8K 1K 12
                                    

Unicode

မင်းငါ့ကို တကယ်လက်ထပ်ချင်တာလား။

ကုန်းချင်က အတိတ်ကိုလွမ်းဆွတ်နေတာတွေ၊ စိတ်မပါတာတွေ၊ နောင်တကြီးစွာရနေခြင်းမျိုးတွေမရှိဘဲ လျှောက်ထွက်သွားခဲ့တယ်။ သူသဘောတူထားခဲ့တဲ့ ညှိနှိုင်းမှုတွေအများကြီးထဲကမှ ရိုးရိုးရှင်းရှင်းတစ်ခုလိုမျိုး သူ့ပြိုင်ဘက်ကို အညှာအတာကင်းကင်းနဲ့ အနိုင်ယူနိုင်ခဲ့တယ်။

ဟယ့်လင် ကုန်းချင်ကိုလိုက်နေခဲ့တဲ့ အချိန်တုန်းကဆိုရင် အကုန်လုံးက သူ့ကိုရူးနေပြီလို့တောင် ပြောခဲ့ကြတယ်။

လူတိုင်းကပြောကြတယ်။ ကုန်းချင်က အရမ်းကိုအေးတဲ့သူတဲ့။ သူ့ရဲ့အဖေအရင်းကတောင် သူဘယ်သူနဲ့မှ ချစ်ကျွမ်းဝင်လိမ့်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။

ဟယ့်လင်လည်း သူ့ကိုယ်သူ ရူးနေတယ်လို့ ထင်ခဲ့တယ်။

သာမန်ညနေခင်းပါတီလေးတစ်ခုမှာ ထိုသူ့ကို ရိပ်ခနဲတစ်ချက် မြင်လိုက်ရတာလေးနဲ့တင် သူအလုံးစုံကြွေဆင်းသွားစေဖို့ လုံလောက်ခဲ့တယ်။

တစ်စုံတစ်ယောက်ကို သင်ဘယ်လောက်ထိ ကြိုက်နှစ်သက်နိုင်တယ်ဆိုတာကို ထိုသူနဲ့ အမှန်တကယ် မတွေ့ဆုံခင်အထိ သင်သိနိုင်မှာမဟုတ်ဘူး။

သူကုန်းချင်ကို ပထမဆုံးစတွေ့လိုက်တဲ့အချိန်မှာပဲ သူ့ရဲ့တစ်စုံတစ်ယောက်ကို ရှာတွေ့ခဲ့ပြီးပြီဆိုတာကို ဟယ့်လင်သိလိုက်တယ်။

ဟယ့်လင်က ကုန်းချင်ရဲ့ ကြပ်နေတဲ့အင်္ကျီကော်လာကို ဖြေလျှော့လိုက်ပြီး သူ့ရဲ့စိမ်းကားအေးစက်နေတဲ့အကြည့်တွေကို စိတ်ခံစားမှုတွေနဲ့ တောက်လောင်နေတဲ့မျက်ဝန်းတွေအဖြစ် ပြောင်းသွားတဲ့အထိ ထိုသူရဲ့ ဖြူဖျော့နေတဲ့နှုတ်ခမ်းတွေကို နမ်းပစ်လိုက်ချင်မိတယ်။

သူဒီထပ်ပိုပြီးတော့ ကုန်းချင်ရဲ့ ထိုင်းမှိုင်းနေတဲ့ မျက်ဝန်းတွေထဲမှာပါ သူ့ပုံရိပ်ကို ရောင်ပြန်ဟပ်လာစေချင်မိတယ်။

ဟယ့်လင်က ကုန်းချင်ကို နှစ်ဝက်လောက်ကြာတဲ့အထိ လိုက်ခဲ့တယ်။ သူလုပ်နိုင်သမျှအကုန်လုပ်ခဲ့တယ်။ ကုန်းချင်ရဲ့လက်ထောက်အဖွဲ့တစ်ဖွဲ့လုံးကိုတောင်မှ သူ့ကိုထောက်ခံတဲ့အဖွဲ့အဖြစ် ပြောင်းပစ်ခဲ့တယ်။

ချိုပေမဲ့, တိုတိုလေး (ဘာသာပြန်)Where stories live. Discover now