Ch-7 Zhao YunChen's POV(extra)

7.5K 1.2K 6
                                    

Unicode

ကျောက်ယွင်ချန်းက သူ့ဆီရောက်ရောက်လာတတ်တဲ့ လူတွေရဲ့အကြည့်တွေကို အာရုံကိုမရှိဘူး။ ဒါကသူ့အတွက်တော့ ဖြစ်နေကျပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူငယ်စဉ်ကတည်းကနေ အခုချိန်ထိ လူတွေကသူ့ကို အမြဲတမ်းဒီလိုမျိုး စိုက်ကြည့်နေခဲ့လို့ပဲ။ ဒါကြောင့် သူသိပ်အံ့ဩမနေတော့ဘူး။ အသားတောင်ကျနေခဲ့ပြီ။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ စာသင်ခန်းရဲ့အနောက်နား၊ နေရောင်မရောက်နိုင်တဲ့ ထောင့်နားကတစ်ယောက်က သူ့ကိုကြည့်နေခဲ့တာကိုတော့ သူသတိပြုမိခဲ့တယ်။ နေရောင်ခြည်က သူ့အပေါ်ကျရောက်လာသလိုမျိုး ထိုသူရဲ့နူးညံ့တဲ့အကြည့်တွေက သူ့ဆီကျရောက်နေခဲ့တယ်။

ကျောက်ယွင်ချန်း သူဒီလိုအကြည့်ခံရတာကို သဘောမကျတာမျိုး မဖြစ်မိဘူး။ အဲဒီအစား သူက ရှင်းပြလို့မရနိုင်တဲ့ ပျော်ရွှင်မှုကိုတောင် ခံစားနေရသေးတယ်။ ဒါပေမဲ့ အဲဒီလူသားလေးကို လှန့်လိုက်သလိုဖြစ်မှာစိုးတာကြောင့် သူပြန်မကြည့်ခဲ့ဘူး။

သူကြည့်နေခဲ့တယ်...ထိုအကြည့်ပိုင်ရှင်လေး သူ့အနားချဉ်းကပ်လာမှာကို သူစောင့်ကြည့်နေခဲ့တယ်။

ကံဆိုးစွာနဲ့ သူတစ်ပတ်လုံးလုံး စောင့်နေခဲ့တာတောင် အဲဒီလူက သူ့အနားကို ရောက်မလာခဲ့ဘူး။

ကျောက်ယွင်ချန်း ထပ်ပြီးတော့သည်းမခံနိုင်တော့ဘူး။ ဒါကြောင့် သူကျောင်းစောင့်ကြည့်ရေးအခန်းထဲကို ခိုးကြောင်ခိုးဝှက်ဝင်ပြီးတော့ ထောင့်ကနေ သူ့ကိုကြည့်နေတဲ့ လူသားလေးရဲ့အကြောင်းကို တိတ်တဆိတ်ရှာဖွေခဲ့တယ်။

သူကယောကျာ်းလေးတစ်‌ယောက်ပဲ။ 

ကျောက်ယွင်ချန်း အနည်းငယ် အံ့အားသင့်သွားခဲ့တယ်။ ဒါပေမဲ့ ဖန်သားပြင်ကတစ်ဆင့် ကြည့်နေရတာတောင်မှာ အဲဒီလူကသူဆိုတာကို သူသေချာသိနေခဲ့တယ်။  ဘာလို့လဲဆိုတော့ သူ့မျက်လုံးတွေထဲက ခပ်ရေးရေးလေးမြင်နေရတဲ့ အလင်းရောင်က သူစိတ်ကူးထားတာထက် ပိုနွေးထွေးနေခဲ့လို့ပဲ။

ကျောက်ယွင်ချန်း လိင်တူကြိုက်နှစ်သက်တာမျိုးကို နားမလည်ခဲ့ဘူး။ ဒါပေမဲ့လည်း သူမကြိုက်နှစ်သက်တာမျိုး၊ ငြင်းဆန်ချင်နေတာမျိုးလည်း ဖြစ်မနေခဲ့ဘူး။

ချိုပေမဲ့, တိုတိုလေး (ဘာသာပြန်)Where stories live. Discover now