Ch-21

4.9K 994 7
                                    

Unicode

မင်းက....ငါ့ကိုချစ်တယ်?

ဒီအချိန်ကျမှ နင်ချန်းကြောက်လာတယ်။

မေ့ပျောက်ထားတဲ့ မှတ်ဉာဏ်တွေကလည်း ရုတ်တရက် ထွက်ပေါ်လာတယ်။ သူ့အရှေ့က ရှယန်ပုံစံကိုကြည့်ရတာ မကောင်းဆိုးဝါးဝိဉာဉ်ထက်တောင် ပိုရက်စက်ယုတ်မာမယ့်ပုံပေါ်ပြီး ပိုတောင်ကြောက်ဖို့ကောင်းသေးတယ်။

နင်ချန်းနေရာမှာပဲ ရပ်နေပြီး သူ့စိတ်ထဲမှာတော့ ဗလာဖြစ်ကာ ဘာပြောရမှန်းမသိတော့။

ရှယန် သူ့ကိုယ်သူထပ်ပြီး မချုပ်တည်းထားနိုင်တော့ဘူး။

ကိစ္စတွေက ကြောက်ဖို့ကောင်းအောင် ရှုပ်ထွေးလာနေပြီ။ သူ ပိုဆိုးသွားအောင် ထပ်မလုပ်သင့်တော့ဘူး။

နင်ချန်းအနားမှာနေပြီး ကိုယ့်ကိုယ်ကိုယ် ဖြည်းဖြည်းချင်းသတ်နေတာထက် တစ်ခါတည်းနဲ့ အားလုံးကိုအပြတ်ရှင်းလိုက်တာက သူ့အတွက်ပိုကောင်းလိမ့်မယ်။ ငြီးငွေ့ဖွယ်ကောင်းတဲ့ ဘဝကြီးကို သူတစ်ယောက်တည်း ဖြတ်သန်းနိုင်ပါတယ်။

"ငါရှေ့မှာနောက်ထပ် ထပ်ပေါ်မလာနဲ့တော့"
ရှယန် နင်ချန်းကိုစိုက်ကြည့်ပြီး နင်ချန်းရဲ့စိတ်ထဲမှာ ထုဆစ်ပေးလိုက်သလိုမျိုး ပြောလိုက်တယ်။

"မဟုတ်ရင် လွန်ခဲ့တဲ့လေးနှစ်ကလိုအဖြစ်မျိုး ထပ်ဖြစ်လာလိမ့်မယ်"

လွန်ခဲ့တဲ့လေးနှစ်က ဘာဖြစ်ခဲ့တာလဲ?

အဲဒါက နင်ချန်းမေ့ပစ်ဖို့ ကြိုးစားနေပေမယ့် သူ့ဦးဏှောက်တစ်ခုလုံးကို ကြောက်မက်ဖွယ် သိမ်းပိုက်ထားဆဲဖြစ်တဲ့ ကိစ္စရပ်တစ်ခုပဲ။

ညတစ်ညအတွင်းမှာပဲ သူ့သွေးသောက်ညီနောင်က သူ့ကိုဆန့်ကျင်သွားတယ်။ လေးနှစ်တောင် ကုန်လွန်သွားခဲ့ပေမယ့် ဘာကြောင့်လဲဆိုတဲ့အဖြေကို နင်ချန်းတွေးလို့မရနိုင်သေးဘူး။

သူရှယန်ကို မိန်းမတစ်ယောက်လို သဘောထားခဲ့မိလို့လား?

သူစိတ်ကြီးဝင်ပြီးတော့ ရှယန်ကို နမ်းဖို့ကြိုးစားခဲ့မိလို့လား?

ဒါ သူ့အပေါ် ရှယန်ရဲ့လက်တုံ့ပြန်မှုလား?

ဒါမှမဟုတ် ရှယန်က ချင်စစ်ကျဲကို ကြိုက်လို့လား?

ချိုပေမဲ့, တိုတိုလေး (ဘာသာပြန်)Where stories live. Discover now