ရိပေါ် ရှောင်းကျန့်ကို စတွေ့တော့ သူတက္ကသိုလ်ပထမနှစ်။
ရှောင်းကျန့်က ရိပေါ့်ထက်သုံးနှစ်ကြီးတဲ့ စီနီယာအစ်ကိုကြီးပေါ့။ ရိပေါ့်အနေနဲ့ ရှောင်းကျန့်ကို ချစ်မိနေကြောင်းသေချာဖို့ အချိန်သုံးရက်ပဲ ယူခဲ့ရတယ်။နည်းနည်းပါးပါးတီးခေါက်ပြီးနောက်မှာ ရှောင်းကျန့်ဟာ စီးပွားရေးမေဂျာက လူသိနည်းတဲ့ခပ်အေးအေး ကျောင်းသားတစ်ယောက်မှန်း သိလာရတယ်။ သူငယ်ချင်းမရှိဘူး။ တစ်ယောက်ထဲနေတတ်ပြီး မျက်နှာကအမြဲတည်နေတာပဲ။
******
"Zhan Ge Wo Ai Ni"
ရိပေါ်က ခင်မလို့၊ရင်းနှီးချင်လို့ပါနဲ့ တစ်ဆင့်ချင်းတက်ပြီး ရှုပ်ရှုပ်ရှက်ရှက်တွေ ကြိုက်တဲ့လူစားမျိုးမဟုတ်ဘူး။ အဲ့တော့တစ်ခါမှ စကားမပြောဖူးတဲ့ ရှောင်းကျန့်ရှေ့က ပိတ်ရပ်ပြီး ခပ်တည်တည်နဲ့ဖွင့်ပြောလိုက်တယ်။ဒေါသထွက်မှန်း သိသာတယ်။ ယုန်သွားတွေနဲ့ နှုတ်ခမ်းပါးပါးကို ဖိကိုက်လိုက်တာ တင်းခနဲပဲ။ နှုတ်ခမ်းအောက်က ခပ်သေးသေးမှဲ့လေးပေါ်လာတယ်။ ရှောင်းကျန့်ရဲ့ မှဲ့နက်လေးကိုကြည့်ရင်း ရိပေါ်ကအူတွေယားလာတယ်။ သွားတွေယားပြီး တစ်ခုခုကိုကိုက်ဆွဲချင်လာသလို။ ခွေးရူးတွေတစ်ခုခုကို ကိုက်ချင်တဲ့ခံစားချက်က ဒီလိုလားလို့ရိပေါ်တွေးမိတယ်။ အူတွေ၊အသည်းတွေယားကျိယားကျိ၊ကလိကလိဖြစ်လာတာလေ။
ဒါပေမယ့် ရိပေါ်ကတော့ မြင်မြင်ရာကိုက်ဆွဲချင်ခဲ့တာမဟုတ်ဘဲ မှဲ့နက်လေးရဲ့အပေါ်မှာရှိတဲ့ နှုတ်ခမ်းပါးလေးကိုပဲ ကိုက်ဆွဲချင်ခဲ့တာဖြစ်ကြောင်း... ။
အဲ့အချိန်တုန်းက ရှောင်းကျန့်ပြန်ပြောခဲ့တဲ့ စကားကနှစ်ခွန်းထဲ။
"ငါက gay မဟုတ်ဘူး။ ငါ့ကိုရယ်စရာလို လာမလုပ်နဲ့။"
ဒါဆို ရိပေါ်ကရော?
ငါကရော gay လားလို့ ရိပေါ်ဖြတ်ခနဲတွေးလိုက်မိတယ်။ မပြောတတ်ဘူး။ သူဒီအချိန်ထိ ရင်ခုန်ဖူး၊စိတ်လှုပ်ရှားဖူးတဲ့လူက ရှောင်းကျန့်တစ်ယောက်ပဲ ရှိတာမို့။ ရှောင်းကျန့်ကိုကြိုက်လို့ gay ဆို... အင်း သူက gay ပေါ့။

YOU ARE READING
You don't need to find a reason [Completed]
Fanfiction(Both of Unicode and Zawgyi are available) You don't need to find a reason to come back to me. Because you are the most perfect reason for me, Ge Ge. Mini-story