0.5 (Zawgyi)

1.3K 75 0
                                    

[Recommended Songs - The Good Side and All Of Me]

"ကော ဘာဖြစ်နေတာလဲ!"
နွေးထွေးတဲ့နေရောင်ခြည် ဖြာကျနေတဲ့ အိမ်လေးထဲ ရိပေါ့်အော်သံက ပျံ့လွင့်လာတယ်။

"ဟင်းချက်နေတယ်လို့... ဖယ်ကောရာ။"

အေပရွန်ဝတ်ပြီး ဟင်းအိုးမွှေနေတဲ့ရိပေါ့်ကို ပတ်တီးမစည်းထားရတဲ့လက်နဲ့ ရှောင်းကျန့်က နောက်ကနေ ခါးဖက်ပြီး ပုခုံးပေါ်အတင်းမေးတင်ထားတယ်။ ရိပေါ်က ဘယ်ဘက်ရွေ့ရင် သူလည်းဘယ်ဘက်ကို လိုက်ရွေ့ပြီး၊ ညာဘက်ရွေ့ရင် ညာဘက်ကိုလိုက်ရွေ့တယ်။

"ကော!"
"ဟင့်အင်း။ အေးတယ်။"
"အေးရင် အခန်းထဲမှာ စောင်ခြုံပြီးသွားနေလေ။ မနက်စာရရင်ခေါ်လိုက်မယ်။"

ရှောင်းကျန့်က မလှုပ်။ ဒါ့အပြင် ရိပေါ့်ရဲ့ပါးဖောင်းဖောင်းကို လှမ်းကိုက်လိုက်သေးတယ်။ ရိပေါ်အတင်းတွန်းထုတ်ပြီး ကိုင်ကြည့်တော့ ယုန်သွားနှစ်ချောင်းရဲ့အရာကြီးက ပါးပေါ်မှာ အထင်းသား။ ရှောင်းကျန့်တို့ကတော့ ကိုယ့်လက်ရာကိုယ်ကျေနပ်ပြီး ခပ်ပြုံးပြုံး။ ဝမ်ရိပေါ်ကတော့ ပေါက်ကွဲပါတော့တယ်။

"ရှောင်းကျန့်! ခင်ဗျားအခုငြိမ်ငြိမ်သွားမထိုင်ရင် အိမ်ပေါ်ကနှင်ချတော့မှာနော်!"

ရိပေါ့်အော်သံကြောင့် အိမ်ရှေ့မှာချစ်ချစ်ခင်ခင်နဲ့ တစ်ယောက်ကိုတစ်ယောက်မှီပြီး အိပ်နေကြတဲ့ ကြောင်ဖြူလုံးနဲ့ ခွေးအိုကြီးဘရောင်းကီက ခေါင်းထောင်ကြည့်တယ်။ ခဏအကြာမှာတော့ ရင်းနှီးနေတဲ့ဖြစ်စဉ်မို့လို့ အေးအေးဆေးဆေးပဲ ပြန်အိပ်သွားကြပါတော့တယ်။ အိမ်ထဲတောင် ဝင်မကြည့်ကြတော့။

ရိပေါ် ထိုကဲ့သို့ အော်ချလိုက်မှ ရှောင်းကျန့်က စူပုတ်ပုတ်နဲ့ လွှတ်ပေးတယ်။ ဒါတောင်အိမ်ရှေ့ကို သွားတာမဟုတ်။ မီးဖိုချောင်က ထမင်းစား စားပွဲမှာ မေးကိုလက်ထောက်လို့ ရိပေါ့်ကို ငုတ်တုပ်ကြီး ထိုင်ကြည့်နေတာ။

"လှလိုက်တာ။ ဒီလိုမြင်ကွင်းလေးကို နှစ်တွေအများကြီး လက်လွှတ်ခံခဲ့တာ ကောကတော်တော် ဦးနှောက်မရှိတာပဲနော် ကလေးလေး။"

စနောက်နေဟန် လုံးဝမပါတဲ့ ကောရဲ့ခပ်ဆွေးဆွေးစကားကြောင့် ရိပေါ်လှည့်မကြည့်ရဲတော့။ ကောသူ့ကိုယ်သူ အပြစ်တင်နေတာမျိုးကို ရိပေါ်မကြိုက်ပါဘူး။ သူအဆင်မပြေဆုံးပဲ။

You don't need to find a reason [Completed]Where stories live. Discover now