0.4 (Unicode)

2.3K 270 3
                                    

ရိပေါ်ကြောင်ကြည့်နေချိန်မှာပဲ ​ကောက မရမကအားပြုပြီး ထထိုင်လာတယ်။ ကောရဲ့ညာဖက်လက်က ပတ်တီးစီးထားရတယ်။ ခေါင်းမှာရောပဲ။ ဒါပေမယ့် ကောက သူ့လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး လုံးဝမလွှတ်။ ဒါကြောင့် ထရတာ ကို့ယို့ကားယားကြီး ဖြစ်နေတော့တယ်။ ရိပေါ်လည်း မနေသာတော့ဘဲ ကူတွဲရတော့တယ်။ အဆုံးမှာတော့ ခုတင်ခေါင်းရင်းကို ကျောမှီပြီး ကောက တည့်တည့်မတ်မတ် ထိုင်နိုင်သွားခဲ့တယ်။

ရိပေါ်လက်ကို ရုန်းကြည့်တယ်။ ကောက မလွှတ်။ သူ့လက်သူကြွယ်ပေါ်က ငွေရောင်လက်စွပ်မောင်းကွင်းလေးကိုပဲ ခပ်ဖွဖွပွတ်သပ်နေခဲ့တယ်။ ရိပေါ်ကတော့ ကောနဲ့အတတ်နိုင်ဆုံး မျက်လုံးချင်းမစုံအောင် အကြည့်လွှဲနေမိတယ်။ သူဘာပြောရမှန်းမသိ။ လျပ်တစ်ပြက် တွေ့ခဲ့တာဆိုရင် 'နေကောင်းရဲ့လား'ဆိုတဲ့စကားက အလုပ်ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။ အခုလို လူအရှင်လတ်လတ်ကြီးက မျက်စိရှေ့မှာ ပတ်တီးအဖွေးသားနဲ့ ဆေးရုံကုတင်ပေါ် ထိုင်နေချိန်မှာတော့ အဲ့လိုမေးခွန်းသွားမေးလို့လည်း မသင့်လျော်။ ရိပေါ် ကသိကအောက်ဖြစ်မိတယ်။

*******
ရှောင်းကျန့်  ခေါင်းကိုသည်းကြီးမည်းကြီး ငုံ့ထားပြီး သူတင်းတင်းဆုပ်ကိုင်ထားတဲ့ လက်တွေကိုပဲ စိုက်ကြည့်နေတဲ့ ရိပေါ့်မျက်နှာကို သေချာကြည့်မိတယ်။ သူတို့ စစတွေ့ချင်း အချိန်တုန်းကလို ရိပေါ့်ပါးလေးတွေ ပြန်ဖောင်းနေခဲ့တယ်။ ဒီအတောအတွင်း စိတ်ချမ်းသာပြီး အဆင်ပြေနေခဲ့ပုံပါပဲ။

လွန်ခဲ့တဲ့နှစ်တွေက ငွေရောင်ကနေ ပြန်ပြောင်းဆိုးထားခဲ့တဲ့ ရိပေါ့်ရဲ့ အညိုရောင်ဆံပင်နုနုတွေက မျက်နှာပေါ် ဝေ့ဝဲကျဆင်းနေပြီး အနည်းငယ်ရှုပ်ပွနေတယ်။ ဝတ်ထားတဲ့ အိမ်​နေရင်းအင်္ကျီအရ သတင်းရရချင်း ရိပေါ်အသည်းအသန် ပြေးထွက်လာတာဖြစ်ရမယ်။ ဒီခရီးနဲ့ဒီခရီး ဘယ်လောက်တောင် ပင်ပန်းလိမ့်မလဲ။

"ကလေးလေးကို ပင်ပန်းစေမိပြီ။ ကောတောင်းပန်ပါတယ်။ တအားသတိရနေခဲ့ပေမယ့် တကယ်ကို ဘယ်လိုနည်းနဲ့ ပြန်တွေ့အောင် လုပ်ရမလဲမသိခဲ့လို့။"

ရှောင်းကျန့်ရဲ့အသံက ကလေးလေးဆိုတဲ့ အခေါ်အဝေါ်တစ်ခုနဲ့တင် တတောက်တောက် အရည်ပျော်ကျချင်စရာကောင်းအောင် နူးနူးညံ့ညံ့နေခဲ့တယ်။

You don't need to find a reason [Completed]Where stories live. Discover now