2

194 32 0
                                    

(Unicode)

အဲ့ဒီလူက ​ရှောင်းကျန့်အကြောင်းတွေအများကြီးသိတယ်။
ပြီးတော့ သူက ​ရှောင်းကျန့်ကို တအားသဘောကျပါတယ်လို့လဲ စာတွေတိုင်းမှာ ထည့်ရေးတတ်တယ်။
လိုချင်တာရှိရင် စာပြန်နိုင်ကြောင်းရေးတတ်ပြီး အိပ်ရေးဝဝအိပ်ဖို့လည်း သေချာမှာတတ်တယ်။

တစ်နေ့ကို သုံးလေးကြောင်းပုံမှန်ရေးတတ်တဲ့စာတိုတွေထဲမှာ သူက ဘယ်သူပါ ဆိုတဲ့ဖော်ပြချက်က ဘယ်သောအခါမှ ပါမလာတတ်ဘူး။
....

ဒီနေ့ ​ရှောင်းကျန့်က စျေးကို ပထမဆုံးအကြိမ်​ရောက်တာ။
ဘာလို့ရယ်မသိ လူရှုပ်တဲ့နေရာတွေရောက်ရင် သတိလစ်သွားတတ်တာမို့ အတတ်နိုင်ဆုံး မြို့ထဲကို မသွားဘူး။
ဦးလေးက တစ်ပါတ်တခါ ဝယ်ခြမ်းပေးတတ်တယ်။
ဂေဟာမှာရှိတဲ့ Sister တွေက အခြောက်အခြမ်းတွေအပြင် သစ်သီးယိုတွေပါထိုးပေးတတ်သေးတာမို့ စျေးသွားဖို့ဆိုတာ မဖြစ်နေကိစ္စတော့မဟုတ်ဘူး။

ရုတ်တရက် ကျောမလုံသလိုခံစားချက်နဲ့အတူ ​ရှောင်းကျန့်ကနောက်လှည့်ကြည့်တယ်။
ဘယ်သူမှရှိမနေဘူး။
ဒါဖြစ်နေကျပဲ.. ။
ဘယ်ပဲသွားသွား နောက်က တစ်ယောက်ယောက်ကစောင့်ကြည့်နေသလိုခံစားရတယ်။

ခဏခဏ သတိလစ်လဲကျသွားတတ်တဲ့ သူ့ကိုစောင့်ကြည့်ဖို့များလွှတ်ထားသေးလားလို့ ဦးလေးကိုမေးဖူးပေမယ့် မဟုတ်ဘူးဆိုတဲ့ အဖြေပဲ ပြန်ရတယ်။

အရမ်းအာရုံစိုက်ရင် ထိုးကိုက်လာတတ်တဲ့ ခေါင်းကြောင့် စိတ်လျော့ထားလိုက်ပြီး စျေးထဲက ပြန်ထွက်ဖို့လုပ်တယ်။
ရုတ်တရက် ဘေးက ဖျတ်ကနဲ ဝင်တိုးတိုက်သွားမှုနဲ့အတူ လက်ထဲက ပစ္စည်းတွေက တစ်ခုစီလွတ်ကျတယ်။
ဒေါသထွက်သွားတာမို့ ရုတ်တရက်လှည့်ကြည့်တုန်းခဏမှာ အာရုံထဲ မြင်လာတာက အနက်ရောင်ဝတ်စုံပြည့်ဝတ်ထားတဲ့ အမျိုးသားတစ်ယောက်။

ပြီးတော့ ​ရှောင်းကျန့်က အဲ့နားလေးမှာပဲ ခွေကျသွားပြန်တယ်။

...

"လိုက်ကြည့်တဲ့လူတွေက သိပ်ဝေးတယ်မထင်ဘူးလား။ Video ထဲမှာတောင်အဝေးကြီးပဲ.. အန္တရာယ်ရှိတဲ့နားမှာ လဲကျခဲ့ရင် ခင်ဗျားတို့ ဘယ်မှီမလဲ။"

LASTWhere stories live. Discover now