5

151 32 4
                                    

(Unicode)

စာတွေရောက်မလာတာ တစ်ပါတ်ကျော်ပြီ..။
မနက်အိပ်ယာနိုးလို့ စာတိုက်ပုံးပြေးဖွင့်ကြည့်လိုက်တိုင်း စိတ်ဓာတ်ကျရတဲ့ရက်တွေထပ်လာတယ်။
စာတိုက်ပုံးလေးထဲထည့်ထားတဲ့ ပန်းချီကားလေးကရှောင်းကျန့်ကို ​လှောင်နေသလိုခံစားရတယ်။

....

"စာတွေကို စောင့်နေခဲ့တာလား..."

"ဟုတ်တယ်..ဆရာ..
မနက်တိုင်း စာတိုက်ပုံးထွက်စစ်ပါတယ်။
မနေ့ကဆို တစ်နာရီခြားတစ်ခါလောက်ကို ထွက်ကြည့်နေခဲ့တာ"

လက်ထဲက သစ်ရွက်ခြောက်တွေနဲ့ ပုံဖော်ထားတဲ့ စာအိတ်ညိုညိုလေးတွေကို လက်နဲ့ဖွဖွတို့ထိရင်း အမျိုးသားကပြုံးတယ်။

​ရှောင်းကျန့်က တကယ့်အနုပညာလေး။
အတွေးလေးတွေကအစ နုနုသက်သက်နဲ့ အမြတ်တနိုးသိမ်းထားချင်စရာကောင်းတယ်။
အထူးသဖြင့် သူ့အတွက် ​ရှောင်းကျန့်ဆိုတာ ဘဝမှာရဖူးတဲ့အကောင်းဆုံးသော မွန်မြတ်မှုလေးဖြစ်တယ်။

"ဦးလေးကျိုး.."

"ဟုတ်ကဲ့ ဆရာ.."

"တကယ်လို့လေ... တကယ်လို့များပေါ့
ကျနော်နဲ့ ​ရှောင်းကျန့်ကို ယှဥ်ရွေးမှဖြစ်လာမယ့်အခြေအနေမျိုးရှိလာခဲ့မယ်ဆိုရင် ပေါ့.."

"မဟုတ်တာ..ဆရာ..ဒါမျိုးက.."

"ရှိလာခဲ့ရင်လို့ပြောတာပါ...
အဲ့ဒီအခါကျရင် ကျနော့်ကို မရွေးပါနဲ့.."

"ဆရာ..."

"ဦးလေးကျိုးပြောမှာကို သိတယ်..
ဒါပေမဲ့ ​ရှောင်းကျန့်ကို မမြင်ရတော့တဲ့အခါ ကျနော်က ပျောက်ကွယ်သွားရတာထက်ပိုဆိုးမှာ..
ရွေးချယ်မှရမဲ့ အခြေအနေမျိုးဆိုရင် သူ့ကိုပဲ ရွေးစေချင်တယ်.."

"ဒါက ကျနော်တို့ ရွေးခွင့်မှမရှိပဲဆရာ... ကံတရားအရ.."

"ကျနော်ကိုယ် ကျနော် မကြိုက်ဘူး ဦးလေးကျိုး"

"ဘာကိုပြောတာလဲ ဆရာ.."

"ကျနော်ရဲ့ အခုရှင်သန်မှုက ပျော်ဖို့မကောင်းဘူးလို့ပြောတာ..
​ရှောင်းကျန့်က ခုကျနော့်မွန်းကြပ်မှုတွေရဲ့ တစ်ခုထဲသော ထွက်ပေါက်ပဲ..
ကျနော်က ​ရှောင်းကျန့်ဆီမှာဆို ပိုပျော်မှာ.."

LASTWhere stories live. Discover now