(Unicode)
" Hello ကျန့်..
ဒီ ဗီဒီယိုကို မင်းကြည့်နေရတဲ့အချိန်ဆို စာတွေမရတာ တစ်နှစ်ပြည့်ပြီမလား.."ဆုံလည်ခုံမှာ ထိုင်နေတဲ့ လူက ရှောင်းကျန့်နဲ့သိပ်တူတယ်။
ဆံပင်ကို အပေါ်လှန်ဖြီးထားပြီး ပြတ်သားစူးရှတဲ့ အကြည့်တွေကလွဲရင် နှုတ်ခမ်းအောက်ကမှဲ့လေးကအစ တစ်နေရာထဲ။"ကိုယ့်ကို လူတွေက Sean လို့ခေါ်တယ်။
မင်းကိုစာတွေပို့နေတာ ကိုယ်ပဲ။"ဒါဆို အခုဘာလို့ထပ်မပို့တော့တာလဲ..။
"ဒီဗီဒီယိုကို မင်းကြည့်နေရပြီဆိုကတည်းက မင်းဆီစာတွေရောက်မလာလောက်တော့ဘူး။
ပြီးတော့.. ကိုယ်လည်း မင်းကို မြင်ခွင့်မရလောက်တော့ဘူး။"သေသွားတယ်လို့မပြောလိုက်ပါနဲ့လို့ ရှောင်းကျန့်က ဆုတောင်းတယ်။
သူ တစ်ခါလောက်တော့ ဆုံဖူးချင်ခဲ့သေးတာမို့လို့။" ကျန့်....ကိုယ််မင်းကို တကယ်သဘောကျတာ။
မင်းရဲ့ တည်ရှိမှုကို သိလိုက်တဲ့နေ့က ကိုယ့်လက်မခံနိုင်ဖြစ်ခဲ့သေးတယ်။ ဆေးရုံပေါ်မှာ ကိုယ်နိုးလာတော့ ပတ်လည်ဝိုင်းနေတဲ့ ဆရာဝန်တွေက ရှင်းပြတယ်။
သူ့ကိုယ်သူ ပန်းချီဆရာပါလို့ပြောရင်း ကျနော်ဘယ်ရောက်နေလဲဆိုတဲ့စကားကို ထပ်ခါထပ်ခါမေးနေတဲ့ကောင်လေးက ကိုယ့်ထက်အရင်နိုးလာခဲ့တာတဲ့။"လိုက်မမှီနိုင်တဲ့စကားတွေကိုအဖြေရှာဖို့ ဘေးနားကကောင်လေးကို လှည့်မေးဖို့လုပ်ပေမဲ့ ဆိုဖာလက်ရန်းကိုခေါင်းအုံးပြီး တခေါခေါအိပ်နေတဲ့ မြင်ကွင်းက ကြိုတယ်။
"မင်းဘာလို့ဖြစ်လာခဲ့လဲဆိုရင် ကိုယ့်စိတ်ကြောင့်လို့ပဲပြောရမယ်။
ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင်က သဘောမကျတဲ့အခါ လက်မခံချင်တဲ့အခါ လူတွေက ပြောင်းလဲကြ
ဖို့ကြိုးစားကြတယ်မလား။
ကိုယ်လည်း အဲ့လိုလူတွေထဲက တစ်ယောက်ဆိုပါတော့..။
Sean ဆိုတဲ့ နာမည်နောက်က ဘဝကို ကိုယ်တကယ်နေမပျော်ခဲ့ဘူး။
အခုမင်းရဲ့ နေထိုင်မှုဘဝနဲ့ပုံစံက ကိုယ်အမြဲ အိပ်မက်မက်ခဲ့ရတဲ့ ဘဝမျိုးပဲ ဆိုပါတော့။"ဒါဆို Sean က သူပေါ့..။
အခု Sean ကပျောက်သွားတာ သူ့ကြောင့်ပေါ့..။