6

141 33 1
                                    

(Unicode)

" ခင်ဗျား ဘယ်သူလဲ"

စာရွက်ဝါဝါလေးရဲ့ထောင့်နားမှာ Lucky cloverလေးကပ်ထားတယ်။
လက်ရေးက သူသိပ်ရင်းနှီးတဲ့လက်ရေးလေး။
​ရှောင်းကျန့်မို့လို့လားမသိဘူး။ သိပ်လှတယ်လို့ခံစားရတယ်။

စာရွက်ထိပ်က ရက်စွဲလေးက လွန်ခဲ့တဲ့တစ်လ။

"ဒီကြားထဲ ​ရှောင်းကျန့်က စာတွေအပေါ်အရမ်းစိတ်လှုပ်ရှားနေခဲ့တာ..။ အဲ့ဒါကြောင့်ဖြစ်မယ်..။"

"သူ့ကို ထိခိုက်စေနိုင်လား ဒေါက်တာ.."

"အခုအခြေအနေမှာ ဘယ်အရာကိုမှ တရားလွန်မစွဲလမ်းတာ ပိုကောင်းပါတယ်။"

"သူက ကျနော့်ကို သိသွားတဲ့အခါကျ ဘယ်လိုတုံ့ပြန်လာနိုင်လဲ ဒေါက်တာ.."

" တရားသေတွက်လို့မရဘူး..
အခု သူက ခင်ဗျားကို သူ့ဘဝရဲ့အစိတ်အပိုင်းတစ်ခုအဖြစ်စပြီးသတ်မှတ်လိုက်တာ သိတယ်မလား။
မထင်ထားတာတစ်ခုကို သူသိသွားတဲ့အခါ တုံ့ပြန်မှုက ဘာမဆိုဖြစ်နိုင်တယ်။
ခင်ဗျားစိတ်ပူနေတဲ့ရလဒ်ဖြစ်လာနိုင်သလို အခြားကျနော်တို့ မထင်ထားတာမျိုးလည်း ဖြစ်လာနိုင်တယ်။"

"ကျနော်က ဘာဖြစ်ဖြစ်ပါ...
​ကျန့်က အရေးကြီးတယ်..။"

"ဒါက ကျနော်တို့ တတ်နိုင်တဲ့အပိုင်းမျိုးမဟုတ်ဘူး.. "

"ဘယ်လောက်ထိ... ဘယ်အချိန်ထိ မနိုးလာခဲ့ရင် လက်လွှတ်လိုက်ရပြီလို့ သတ်မှတ်မှာလဲ ဒေါက်တာ.."

"ပုံမှန်အားဖြင့်တော့ လေးလလောက်ထိ လုံးဝ နိုးမလာခဲ့ရင် ပေါ့။ ဒါမဲ့အခြေအနေအရ နှစ်နဲ့ချီပြီးမှ ပြန်နိုးလာတတ်တာလည်း ရှိပါတယ်"

"ကျနော် ပျော်ချင်တယ် ဒေါက်တာ
ကျန့်မှ မဟုတ်ရင် မဖြစ်ဘူး.."

အသံတိုးဖွဖွနဲ့ ရွတ်ရင်း လက်ထဲကိုင်ထားတဲ့ ဓာတ်ပုံကို ​ဖွဖွသပ်တယ်။
ဆေးရောင်တွေ ပေကျံနေတဲ့မျက်နှာနုနုမှာ အပြုံးတစ်ခုကလင်းလို့..
မျက်ဝန်းတွေပါ ရွာကျအောင် ရယ်မောတတ်တဲ့ ဒီကောင်လေးလောက် ကောင်းမြတ်တဲ့နွေးထွေးတဲ့ဖြစ်တည်မှုမျိုး ဘယ်မှာရှိမှာတဲ့လဲ။

"ဒီမှဲ့လေးက မင်းပြုံးလိုက်မှပဲ ပိုလှနေတော့တာပဲ"

သူက ​ရှောင်းကျန့်အတွက်ဆို ဘယ်အချိန်မဆို ပျောက်ကွယ်သွားပေးလိုက်နိုင်ပါရဲ့...။
ဆွယ်တာအရောင်နုနုလေးတွေကို ရှပ်အဖြူခံဝတ်တတ်တဲ့ ကောင်လေးက သူ့ထက်စာရင် ပတ်ဝန်းကျင်ကို ပိုနွေးထွေးစေနိုင်မှာပါ။

LASTWhere stories live. Discover now