သတိမရဘူးလို့ပြောရင် လိမ်ရာကြမည်။
သေလောက်အောင် လွမ်းနေတာပါလို့ ပြောရင်လည်း ပိုတယ် ထင်အုံးမည်။
တကယ်က မေ့လို့မရအောင် စိတ်ထဲအမြဲရှိနေခဲ့တာ....။
👭"ဒေါ်ပျာ ပြီးပြီလား၊ ကလျာတို့ သွားရအောင်လေ"
ဒေါ်ပျာ၏အခန်းဝရှေ့တွင် ပြူတစ်ပြူတစ်လုပ်ကာ မေးလိုက်သော ကလျာ့အသံကြောင့် အထဲမှ ဒေါ်ပျာအသံက စီခနဲထွက်လာတော့လေသည်။
"ပြီးပြီ ပြီးပြီ၊ ဒေါ်ပျာဆံပင်က ထုံးမရ ဖြစ်နေလို့"
"အခုရော"
"အခုက ထုံးလို့ရသွားပြီ ၊ စောေစာက
အုန်းဆီထည့်ခါစမို့ ချောနေတာ""ဩော် ဟုတ်လား၊ အခုပြီးပြီဆို ကလျာတို့ သွားရအောင်လေ၊ တော်ကြာ လေယာဥ်ဆိုက်တဲ့ အချိန်နဲ့ အံကုိက် မဖြစ်ဘဲ နေအုံးမယ်"
"အေး အေး"
ဒေါ်ပျာ့ထံမှ ပြီးပြီဟူသာေ အတည်ပြုချက်ရပြီးသည်နှင့် ကလျာ၏ခြေလှမ်းများက အိမ်ရှေ့စင်ဝင်အောက်သို့။
"ရဲနောင် ကားထုတ်ထားလိုက်တော့ ၊ ခဏနေ ကလျာတို့ သွားရအောင်"
"ဟုတ်ကဲ့ မမလေး"
ရဲနောင်ကုိ အသိလှမ်းပေးလိုက်ပြီးနောက် ဧည့်ခန်းထဲသို့ ပြန်လည်လျှောက်လာလိုက်ကာ မှန်စားပွဲပေါ်မှ စလင်းဘတ်အိတ်နှင့် ဖုန်းကုိ ကောက်ယူလိုက်တော့သည်။ ကုိယ်ကုိ အနည်းငယ်ကုိင်းကာ
ငုံ့ယူလိုက်သောကြောင့် ဝေါခနဲ ပြိုဆင်းလာသော ဆံနွယ်ရှည်တို့က ပခုံးသားကုိ ဖြတ်လျက် ရင်ဘတ်နားတစ်ဝိုက်တွင် နေရာယူလျက်။
ထို့ကြောင့် ဦးခေါင်းကုိ နောက်ဖက်သို့ အသာယိမ်းလိုက်သလို ပျော့အိသွယ်ဆင်းနေသော ဆံနွယ်တို့ကုိ လက်တစ်ဖက်ဖြင့် သိမ်းယူလိုက်ကာ ကျေောနောက်သို့ ပြန်လည်ပုိ့ဆောင်လိုက်တော့သည်။
တဖန် လှုပ်ခတ်သွားသော ကျောပြင်ပေါ်ရှိ ဆံနွယ်များ။
ခန္ဓာကုိယ်ကုိ ပြန်အမတ်တွင်တော့ အမှတ်မထင်ဘဲရောက်ရှိသွားသော အကြည့်များက နံရံတွင် ချိတ်ဆွဲထားသော ပန်းချီကား တစ်ချပ်ဆီသို့ ရောက်လေသည်။ ထိုအခါ ကလျာ့၏မျက်နှာပေါ်တွင် ကြည်နူးသော အပြုံးတစ်ပွင့်ဖြစ်တည်ပြန်လေသည်။
YOU ARE READING
MSFOMH Side Story(Completed) 💛
Short StoryMy Sister's Friend or My Husband ကုိ အရင်ဖတ်ဖို့ လိုပါမယ် ✌