SS - 8

2.9K 391 59
                                    


ယောကျာ်းတွေကုိ ချစ်လို့ မဟုတ်ဘူးနော်
ကိုရှုိင်းထက်။ ခင်ဗျားကုိ ချစ်လို့ ၊ ခင်ဗျားတစ်ယောက်တည်းကုိပဲ ချစ်လို့ ❤
...............................................................................

မည်မျှတောင် ပင်ပန်းပြီး အိပ်ပျော်သွားသည်
မသိ။ သူ နိုးလာတော့ နေတောင် အတော်မြင့်နေလေပြီဖြစ်သည်။ ကတမ်းမတန်းဖြင့် စားပွဲတင်နာရီကို ကောက်ယူပြီး ကြည့်လိုက်တော့ မနက် ရှစ်နာရီ ထိုးခါနီးနေပြီ။ ရုံးတက်ရမည်ဟူသော အသိက ခေါင်းထဲရုတ်တရက်ဝင်လာတော့ မျက်လုံးများပြူးကျယ်သွားကာ ကုန်းရုန်းထလိုက်မိတော့သည်။ ထို့နောက် ကုတင်ပေါ်မှ အောက်သို့
ဆင်းရန် ပြင်လိုက်ပြီး ခြေနှစ်ချောင်းကုိ အောက်သို့ချကာ မတ်တတ်ထ အရပ် ၊ ဟန်ပင်မဆောင်နိုင်အောင် ပြိုလဲကျသွားသော ခြေအစုံကြောင့်
ကုတင်ဘေးတွေ ခွေခေါက်လျက်သား။
နံဘေးရှိ စားပွဲခြေထောက်နှင့်ပါ ခိုက်မိတော့ စားပွဲပေါ်ရှိလဲကျနိုင်သော ပစ္စည်းများက အတုန်းအရုန်းပြုတ်ကျလာတော့သည်။ အသံဆိုသည်မှာလည်း ကျယ်လိုက်တာ မပြောနှင့်။

"ညီ ..ရောင်နီ ၊ ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်တာလား"

စိုးရိမ်ပူပန်သည့်အသံနှင့်အတူ အပြေးအလွှားရောက်ချလာသော ထိုလူက သူ့နံဘေးတွင်။ ထို့နောက် လူကုိ ပခုံးနှစ်ဖက်မှ ကိုင်ကာဆွဲထူမလိုက်တော့ သူလည်း အလိုက်သင့်ထရန်ကြိုးစားလိုက်သည်။ သို့သော် နာကျင်မှုဝေဒနာက ဘယ်ဆီက ဘယ်လိုရောက်လို့ရောက်လာမှန်းမသိ။ ခေါင်းစဥ်တပ်၍မရလောက်အောင်ပင်။

"အား...."

"ဖြေးဖြေး....ဖြေးဖြေးထ"

သူ့၏ညည်းညူသံတိုးတုိးလေးကြောင့် ထိုလူ၏
ဂရုစိုက်သံတို့က ဆက်လက်ထွက်ပေါ်လာပြီး အသံအနေအထားက အားနာသည့်စိတ်တွေ
ပျော်ဝင်နေသလိုပင်။ ထို့အတူ သူလည်း သိပ်ရှက်မိသည်။

"ညီ အလုပ်သွားနိုင်မယ် မထင်ဘူး၊ အစ်ကုိ သီဟကို ဖုန်းလှမ်းဆက်ပြီး ခွင့်တိုင်ထားပေးတယ်၊
နှစ်ရက်လောက် အိမ်မှာ နားနေလိုက်ဦး"

"မဖြစ်ဘူး အလုပ်တွေရှိသေးတယ်"

ထိုလူ၏စကားကို နားမထောင်ချင်၍မဟုတ်။ အမှန်တကယ်ပင်အလုပ်တွေရှိသေးသည်။ ထို့ကြောင့် သွားမှကုိဖြစ်မည်။

MSFOMH Side Story(Completed) 💛Donde viven las historias. Descúbrelo ahora