SS - 10 End

5K 502 102
                                    

မှောင်မည်းနေတဲ့ ကျွန်ေတာ့်နှလုံးသားထဲကို အလင်းရောင် ကောင်းကောင်းပေးနိုင်ခဲ့တဲ့ ရောင်နီဆိုတဲ့ လူသားတစ်ဦးကို ကောက်ရလိုက်တဲ့အချိန်ကစပြီး ရှုိင်းထက်ဆွေဆိုတာ ......။
...............................................................................

"ညီ နေ့လည်စာ စားတော့မလား ၊ ခဏလေးနော်
အစ်ကိုချက်လို့ပြီးတော့မယ်"

အခန်းတံခါးကိုဖွင့်၍ အပြင်ကို ထွက်မလို့ကြံရွယ်ရုံရှိသေး မီးဖိုခန်းထဲမှ လှမ်းအော်လိုက်သော ရှိုင်းထက် အသံကြောင့် ရောင်နီ၏ခြေလှမ်းများက
တုန့်ခနဲ။ အမှန်က နေ့လည်စာကို အပြင်တွင် သွားစားဖို့ ထွက်လာခြင်း။

"အပြင်မသွားနဲ့နော် ညီ၊ ရာသီဥတု မကောင်းဘူး ၊
မိုးတွေအရမ်းအုံ့နေတယ်"

ဘယ်ခြေလှမ်း လှမ်းရင် ဘယ်ကိုသွားမည်လဲ ဆိုတာကုိ ကြိုသိနေသည့် လူလိုပင်။ တဆက်တည်း ပြောလိုက်သည်က အိမ်ပြင်မထွက်ဖို့....။
ထိုစကားကို နားထောင်ရမည်လား ဆန့်ကျင်ရမည်လား ဝေခွဲမရဖြစ်နေတုန်းမှာပင် ရှိုင်းထက်တစ်ယောက် ဟင်းအုိးမွှေလျက် ဇွန်းတန်းလန်းဖြင့် မီးဖိုခန်းထဲမှ ထွက်လာတော့သည်။

"ဟင် ဘယ်သွားမလို့လဲ"

ကျောပိုးအိတ်တစ်လုံးကို လွယ်ကာ အပြင်သွားမည့်လူတစ်ယောက်ကို ဝတ်စားထားသော ရောင်နီ့ကို မြင်တော့ ရှုိင်းထက်ဆီမှ အံ့ဩသည့် မေးခွန်းက ထွက်လာသည်။

"နေ့လည်စာ သွားစားမလို့၊ ဒီနားလေးမှာပါပဲ"

"အစ်ကို ချက်ထားတယ်လေ၊ ကျက်တော့မှာ ခဏနေရင် စားလို့ရပြီ"

နေ့လည်စာအတွက် ချက်ပြုတ်ထားကြောင်းကို အားရပါးရပြောနေသော လူတစ်ယောက်၏ရှေ့တွင် ထိုနေ့လည်စာကို မစားချင်ပါဘူး ဟူ၍ ငြင်းဆန်ရမည့်လူတစ်ယောက်၏အရေး။
ဘယ်မျက်နှာနှင့် ငြင်းရပါမည်လဲ။

"ဟုတ်ကဲ့ ကိုရှုိင်းထက် ၊ အဲ့ဒါဆိုရင် အစ်ကိုချက်ထားတာပဲ စားလိုက်တော့မယ်"

ေရာင်နီက ကျောပိုးထားသော လွယ်အိတ်ကို ပခုံးပေါ်မှ ချလိုက်ကာ အိမ်ရှေ့ခန်းဘက်သို့ လျှောက်သွားလိုက်ပြီး နီးစပ်ရာ ထိုင်ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်တော့ ကျေနပ်သည့်အပြုံးတွေနှင့်ကြည့်ပြီး မီးဖိုခန်းထဲပြန်ဝင်သွားလေသော ရှိုင်းထက်။
ခပ်သုတ်သုတ်လှည့်ထွက်သွားသော ရှိုင်းထက်၏ကျောပြင်ကို လိုက်ငေးကြည့်မိသည့် ရောင်နီကလည်း အမှတ်မထင်ပြုံးလိုက်သေးသည်။

MSFOMH Side Story(Completed) 💛Where stories live. Discover now