SS - 1

11.6K 648 55
                                    

ခပ်ဖွဲဖွဲကျလာသော မိုးဖွဲလေးတွေကြောင့် ခေါင်းပေါ်ကို ကျောပိုးအိတ်တင်ကာ ခပ်လှမ်းလှမ်းရှိ ကားမှတ်တိုင်ဆီသို့ အပြေးသွားလိုက်မိတော့သည်။ ရုံးတက်ချိန်နှင့် ရုံးဆင်းချိန်ဆို မပျက်မကွက် မိုးရွာပေးရမည်ဟု မည်သူကများ သတ်မှတ်ထားသည်မသိ။ အချိန်မှန်လေစွ။
ကျောင်းသားဘဝတုန်းလည်း ကျောင်းတက်ချိန်
နှင့် ကျောင်းဆင်းချိန်ကို အလှည့်ကျ ရွာပေးခဲ့ပြီးပြီ။ အခုလို ရုံးသမားတစ်ယောက်ဖြစ်သည်အထိ
ဆက်လက် အနှောင့်အယှက်ပေး၍
ကောင်းနေေသာ မိုး။

စိတ်ထဲ မတင်မကျတွေးပြီး ပြေးလာရင်းမှ
ကားမှတ်တိုင်ထဲသို့ ရောက်သည်နှင့် ခေါင်းပေါ်မှ လွယ်အိတ်ကို ဖယ်လိုက်ကာ ကျောတွင် ပြန်လွယ်လိုက်လေသည်။ ထို့နောက် ကားမှတ်တိုင်၏ ဘေးဘီဝဲယာ ပတ်ဝန်းကျင်ကို တစ်ချက် လိုက်ကြည့်လိုက်ပြီး ခုံတန်းလေးတွင် ဝင်ထိုင်လိုက်ကာ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်၍ ကြည့်လိုက်မိတော့သည်။

ည ခုနှစ်နာရီ။

မိုးတွင်းကာလမို့ အပြင်ထွက်သည့် လူနည်းလေသလား ဒါမှမဟုတ် မကြာခင် မိုးသဲကြီးမဲကြီး ရွာတော့မည်မို့ အိမ်တွင်းအောင်းနေကြလားမသိ။
အနီးအနားပတ်ဝန်းကျင် တစ်ခုလုံး လူသွားလူလာ နည်းနေသည်မှာ အမှန်။

ထိုစဥ် သူတို့ရုံးပေါ်မှ လုပ်ဖော်ကိုင်ဖက်များ ကားဂိတ်ကို အလျှိုလျှိုရောက်လာကြ၍ အနည်းငယ် လူစည်ကားသလိုတော့ဖြစ်သွားလေသည်။
ပုံမှန်ထက် ရုံးဆင်းချိန်နောက်ကျသော သူတို့ရုံးက
ရုံးတက်ရင်လည်း သူများထက် အစောတက်ရသည်။ သို့သော် နားရက်ရပြီဆိုရင်လည်း သူများနှင့်မတူအောင်ရကြသည်။ ထို့ကြောင့် သိပ်မကျေမနပ်ဖြစ်စရာမရှိ။

"ဟေ့ ရောင်နီ ၊ မင်း ရုံးပေါ်က ဆင်းသွားတာပဲ ကြာလှပြီ အခုထိ မပြန်ရသေးဘူးလား"

ရင်းနှီးကျွမ်းဝင်စွာ မေးလိုက်သော အသံနှင့်အတူ နံဘေးတွင် ကပ်ထိုင်လိုက်သော ကုိသီဟကြောင့်
သူအလိုက်သင့်လေး ပြန်ပြုံးပြလိုက်ပြီး ခေါင်းကုိ ရမ်းခါပြလိုက်လေသည်။

"ဟုိကောင် နောက်ကျနေပြန်ပြီလား"

ကုိသီဟ အမေးကြောင့် စိတ်ထဲတစ်မျိုးဖြစ်သွားသောကြောင့် ပြန်မဖြေဖြစ်။

MSFOMH Side Story(Completed) 💛Donde viven las historias. Descúbrelo ahora