အပြုံးချိုချိုကလေးရဲ့ ဆန္ဒလေး

77 8 0
                                    

- Day 3 -

Zawgyi

ကျောက်စက်ရေ ရဲ့ အဖွားဆီကိုသွားဖို့အတွက် မင်းညဏ် ကားကိုအကူအညီတောင်းရသည် ။
ခုမှကြားဖူးတဲ့နေရာအသစ်အဆန်းကို တစ်ယောက်ထဲ သွားရှာနေတာထက် မင်းညဏ်ပါပါတော့ အနဲနဲ့အများ အကူအညီဖြစ်လောက်မည်ထင်သည့်သဘောနှင့်လည်း
အကူအညီတောင်းမိသည် ။
ဘယ်တုန်းကမှ မငြင်းခဲ့ဖူးတဲ့ မင်းညဏ်က ဒီတစ်ခါလည်း အရင်လိုပွစိပွစိပြောနေပေမယ့်
လာခေါ်မည်ဟုသာပြောပြီး ဖုန်းချသွားတာမို့
မင်းညဏ်လာအခေါ်ကိုစောင့်နေလိုက်သည် ။

မရှိတဲ့ကြားထဲက ပိုက်ဆံကိုရသလို ခြစ်ကုပ်စုခဲ့တဲ့ ကျောက်စက်ရေကိုတော့
ချီးမွှမ်းထောပနာပြုပေးမိသည် ။
အတော်အသင့် သုံးနိုင်စွဲနိုင်တဲ့ ကျွန်တော်တောင် ပိုက်ဆံကို လောက်ငှအောင်မသုံးနိုင်တဲ့အချိန်မှာ
ကျောက်စက်ရေက ရအောင်စုဆောင်းနိုင်သည်မှာ
အံဩစရာကောင်းလွန်းလှသည် ။

: ဘယ်လောက်ထိတောင် ရှာခဲ့ရလိုက်မလဲ ကလေးရယ် :

ထမင်းတနပ်နပ်မှန်ဖို့အတွက် နဖူးကချွေးခြေမကျတဲ့အထိရှာရတယ် ။
နွေရာသီရဲ့ နေပူဒဏ်တွေ ၊ ထီးကောင်းကောင်း
တစ်လက်ဝယ်နိုင်မှာမဟုတ်တဲ့အခြေအနေနဲ့
မိုးရေတွေထဲ သူဘယ်လောက် အအေးမိခဲ့မလဲ
အင်္ကျီပါးလေးကအကောင်းဆုံးဆိုပေမယ့် အနွေးထည်ကောင်းကောင်း မဝတ်နိုင်တဲ့အချိန်မှာ
ဆောင်းရာသီရဲ့ ညဘက်အအေးဒဏ်တွေကို
သူဘယ်လိုအံကြိတ်ရင်ဆိုင်ခဲ့ရမလဲ ...
ရာသီဥတု ပူသည်အေးသည် ငြီးငြူနေဖို့ထက်
ဝမ်းစာကို ရှာဖို့ အရေးပိုကြီးနေတဲ့အချိန်မှာ
ဖျားနာခဲ့ရင်တောင် တစ်နပ်စာလောက်ပဲဖြစ်ဖြစ်မငတ်ဖို့
အလုပ်ကိုတော့ ရပ်နားဖြစ်မည်မဟုတ်ပါ ...
လူ့လောကရဲ့စည်းစိမ်မှန်သမျှကို
လူချမ်းသာတွေက အပြည့်အဝခံစားနေတဲ့အချိန်မှာ
ထမင်းတစ်နပ်မငတ်ဖို့ ခြေထောက်တွေကျိုးကြေမတတ်
ရှာဖွေနေရတဲ့ အောက်ခြေလူတန်းစားတွေဘဝက သနားဖို့ကောင်းလွန်းလှသည် ။
ထမင်းစားပွဲမှာ အသားဟင်းမျိုးစုံ အရံဟင်းခွက်အပြည့်နဲ့
Air con ခန်းထဲမှာ အေးအေးလူလူစားသောက်နေမယ့်အချိန်မှာ
သူတို့ထမင်းဝိုင်းထဲ အသားဟင်းဆိုတာ စိတ်ကူးယဉ်စရာဟင်းတစ်ခွက်သပ်သပ်သာ
ဖြစ်ခဲ့လိမ့်မည်။
ရက်အကြာကြီးထားထားတဲ့ ငပိရည်ကျို ခပ်ကျဲကျဲက
ထမင်းဝိုင်းက ဟင်းရည်တစ်ခွက်လို
မစုံလင်တဲ့ အသီးအရွက်အနွမ်းလေးတွေကလည်း
ဟင်းခွက်လို စားသောက်ရင်း အာဟာရကိုမှီတင်းရသည့်ကြားထဲမှ
နှပ်မှန်ဖို့ကိုပင် ထပ်မံကြိုးစားရုန်းကန်ရပြန်သည် ။
တစ်ဝမ်းတစ်ခါးအတွက်ခက်ခဲနေတဲ့အချိန်မှာ
သူ့ငယ်ရွယ်မှုအချိန်တွေကို မြုပ်နှံပြီး ခက်ခက်ခဲခဲနဲ့
ရှင်သန်လာရသည့်ကြားထဲမှာမှ ဖြစ်လိုက်ရတဲ့အဖြစ်ဆိုးကြောင့် သူ့အဖွားတောင် မဆိုနှင့် ဘေးကသူတောင် ယူကြုံးမရဖြစ်ရသည် ။

ကြယ်ကလေးဝေးတဲ့အရပ်Where stories live. Discover now