ဆေးရုံ သားဖွားခန်းရှေ့တွင် ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း
ပါးစပ်ကနေလည်း အင်္ဂုလိမာလသုတ်ကို
အဆတ်မပြတ်ရွတ်ကာဖတ်နေတော့သည်။
မျက်စိကလည်း ခွဲခန်းတံခါးဝကို
အဆတ်မပြတ် ကြည့်နေတော့သည်။
ထိုင်လိုက်ထလိုက်ဖြင့် တစ်ယောက်တည်း ယောက်ယက်ခတ်နေတော့သည်မှာလည်း
အမြင်ကတ်စရာကောင်းလောက်သည်ထိ။
သားဦးလေးမို့ အသည်းတုန်အောင်ချစ်ရတာကြောင့်
အထိအခိုက်မခံလိုစိတ်က ပြင်းပြနေသလို
သားငယ်လေးရဲ့ မျက်နှာကိုလည်း မြင်တွေ့ချင်နေတော့သည်။" မယုဝေရဲ့ လူနာရှင် ရှိလား"
" ဟုတ် ဟုတ်ကဲ့ ကျွန်တော်ပါ
မွေးပြီလား ဆရာမ "" မွေးပြီရှင့် ယောကျ်ားလေး
မိခင်ရောကလေးပါကျန်းမာပါတယ် "" ဆရာမ ခြေလက်အင်္ဂါရောစုံရဲ့လား "
" အမလေးစုံပါ့တော်
ခြေထောက်နှစ်ချောင်း လက်နှစ်ဖက် ခေါင်းတစ်လုံး
ဟိုဟာလေးတစ်ချောင်း အကုန်အစုံပါပါတယ်ရှင်
ရပြီလား "" yayyyyyyy ငါအဖေဖြစ်ပြီကွ "
အတင်းဝင်မယ်လုပ်တော့ ဆရာမက လက်ကာရင်းတွန်းထုတ်လိုက်ပြန်သည်။
" ရှင် ဘယ်လိုဖြစ်နေတာလဲ ခဏစောင့်ပါဦး
ခဏနေမှတွေ့လို့ရမှာရှင့် ဇွတ် "" သားလေးကို
တွေ့ချင်စိတ်ကလောနေလို့ပါဆရာမရယ် "ယုဝေတစ်ယောက်ကုတင်ပေါ်မှာ ကောင်းကောင်းအနားယူနေတုန်း နဖူးကိုဖပ်ဖွဖွလေးနမ်းကာစောင်ခြုံပေးလိုက်တော့
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်ပုံစံပင်။" ပင်ပန်းသွားရပြီ ငါ့မိန်းမလေး "
ပုခက်ပေါ်အုပ်ထားတဲ့ အနှီးစကို အသာလှစ်ကာဟကြည့်လိုက်တော့
အထဲက ထူးဆန်းစွာပင်
သင်းပျံပျံစံပယ်နံ့လေးက
နှာခေါင်းထဲသို့ တိုးဝင်လာသည်။" မွှေးလိုက်တဲ့ ဖေဖေ့သားငယ်လေး "
ပါးကိုဖိကာနမ်းလိုက်တော့ နှုတ်ခမ်းလေးက အနည်းငယ်ပြုံးလာသလို နှုတ်ခမ်းပါးလေးက
တွန့်ကွေးနေသည်မှာလည်း နှစ်လိုဖွယ်ရာ ..." သားလေးနာမည်က ကြယ်ဖြူရောင် ... "
တံခါးဖွင့်သံကြားလို့ကြည့်လိုက်မိတော့
ယုဝေသူငယ်ချင်း မင်းညဏ်က သူ့သားကိုချီကာ ဝင်လာသည်ကိုပြုံးကာနှုတ်ဆက်လိုက်ရသည်။
သူ့သားလေးကတော့ တနှစ်ခွဲအရွယ်သာရှိသေးတာမို့
ကျွန်တော့်သားထက် အသက်ပိုကြီးသည်။" အဆင်ပြေတယ်မလား မယ်ယုဝေ "
" ပြေပါ့ဗျာ ခုတော့အနားယူနေလေရဲ့ "
" နားပါစေ နားပါစေ
သားလေး မိုးညာဏ သားညီလေးကိုကြည့်ပါဦး "ကလေးငယ်လေးနှစ်ယောက်ရဲ့လက်တွေ ထိထိချင်း
ဆုပ်ကာကိုင်ထားသည်မှာ မလွတ်စတမ်းပင်မို့
ဖခင်နှစ်ဦးတို့မှာ အံဩနေသည့်ပုံစံတို့ဖြင့်သာကြည့်နေမိတော့သည်။တကယ်ကိုရေစက်တို့က ချစ်တဲ့သူနှစ်ဦးကို
ဆုံတွေ့အောင်ဖန်တီးပေးခဲ့ကြလေသည် ...သေအတူ ရှင်မကွာ
ချစ်ကြပါပေလိမ့်မည် ...~ဤတွင်ပြီး၏ ~
YOU ARE READING
ကြယ်ကလေးဝေးတဲ့အရပ်
Kurzgeschichten- Zawgyi နှုတ်ဆက်လက်ပြခြင်းကို အသားမကျနိုင်သေးတဲ့ကိုယ့်ခမျာ မင်းရှိမယ့်အရပ်ကို ရောက်ဖို့ ကြိုးစားချင်နေမိတာများ အကြိမ်ကြိမ်အခါခါ ... - Unicode နှုတ်ဆက်လက်ပြခြင်းကို အသားမကျနိုင်သေးတဲ့ကိုယ့်ခမျာ မင်းရှိမယ့်အရပ်ကို ရောက်ဖို့ ကြိုးစားချင်နေမိတာမျ...