( Z )
ခမ်စိုင်း၏ငယ်ဘဝ
စိုင်းဆက်မော် ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိတယ် ။
အဖေက စီးပွားရေးသမား အမေက အနုပညာရှင်
အမြဲရန်တကျက်ကျက်ဖြစ်နေတဲ့ သူတို့ အိမ်ထောင်ရေးကြားမှာ ကြားညပ်နေတာက အသက် ၁၀နှစ်အရွယ် ကလေးငယ်လေး စိုင်းဆက်မော်ဖြစ်သည်။အဖေက စီးပွားရေးသမား ပီပီ အပေါင်းအသင်း မိတ်ဆွေတွေနဲ့အပြင်မှာ အချိန်ကုန်သလို အမေကလည်း သူမရဲ့ရှူတင်ရိုက်ကွင်းတွေနဲ့သာ အချိန်ကုန်သည်။
မိသားစုထမင်းဝိုင်းဆိုတာ ဘာမှန်းမသိတဲ့ စိုင်းဆက်မော်ကတော့ ထူးပြီးပြောစရာမရှိဘူး။
အချိန်တန်သူတောင်းတောင်း မတောင်းတောင်း ရောက်လာတတ်တဲ့ မုန့်ဖိုးတွေ စာအုပ်တွေ လွယ်အိတ်အသစ်တွေ အဝတ်အစားအသစ်တွေ ။သူငယ်ချင်းဆိုရလောက်အောင် ခင်ရတဲ့သူလည်းမရှိဘူး ။
သူ့အနားရောက်လာတဲ့လူတွေအကုန်လုံးက သူ့အမေရဲ့အရှိန်ကြောင့် သူ့အဖေရဲ့ဂုဏ်ဝါကြောင့်သာဖြစ်သည် ။ ခင်မင်မှုပဲဖြစ်ဖြစ် မေတ္တာတရားပဲဖြစ်ဖြစ် အစစ်အမှန်ဆိုတာ စိုင်းဆက်မော်အတွက် ရှားပါးတဲ့ပစ္စည်းတစ်ခုလိုပင် ။သူ့အဖေကလုပ်ငန်းရှင်သူဌေးကြီးလေ၊ သူ့အမေက ရုပ်ရှင်သရုပ်မင်းသမီးလေ ဆိုတဲ့ စကားတွေအောက်မှာ သူ့နာမည် စိုင်းဆက်မော်ဆိုတာ ပျောက်နေခဲ့သည်။
နွေးထွေးမှုမခံစားရတဲ့သူက အခြားသူတွေကိုတော့ ကြင်ကြင်နာနာဆက်ဆံချင်ခဲ့တယ် ။
ဒါပေမယ့် လူတွေရဲ့စိတ်ကို မှန်းရခက်ပြီးတဲ့နောက်ပိုင်း လူတိုင်းကို အေးတိအေးစက်သာ တုံ့ပြန်တော့သည်။စိုင်းဆက်မော် ဆယ်တန်းတက်ခါနီးအရွယ်မှာ သူရဲ့အမေ ရှူတင်တစ်ခုကအပြန် ကားအက်စီးဒန့်ဖြစ်ပြီး ကွယ်လွန်သွားသည်။
အနုပညာလောကအတွက် ကြယ်တစ်ပွင့်ဆိုပေမယ့် စိုင်းဆက်မော်အတွက် အဲ့ဒီကြယ်ပွင့်လေးဟာ ဟိုးအရင်တည်းက အရောင်မှိန်နေခဲ့သည်။
ကြယ်တွေဆိုတာ တစ်နေ့ကြွေမယ်ဆိုတာသိတဲ့ စိုင်းဆက်မော်အတွက် ဘာခံစားချက်မှမရှိခဲ့ဘူး ။
အမေ လို့တောင် တစ်နေ့မှာ တစ်ခါတောင် ပုံမှန်မခေါ်ခဲ့ဘူးတာ ကွယ်လွန်သွားမှ အမေလို့ခေါ်ပြီး အော်ငိုနေမှာတော့ မဟုတ်ဘူး ။
YOU ARE READING
YOU ARE MY BABY
Romanceငယ်ငယ်လေးတည်းက စောင့်ရှောက်ခဲ့ရတဲ့ကလေးမို့ သံယောဇဉ် ပိုမိတာပါ ။ အဖြူရောင်ကလေးမို့ အရောင်မဆိုးရက်ဘူး - Sai Satt Maw ( Kham Sai ) Daddy စကားဆို မြေဝယ်မကျနားထောင်မယ့်သူမို့ ဘယ်သူ့ကိုမှ သားထက်ပိုမချစ်ပါနဲ့ - Khit Oo Maw ( Ar Pyal ) #Earth ငယ်ငယ်လေးတည်း...