3.YOU ARE MY BABY ( Z+U )

1.3K 75 9
                                    



( U )

တစ်ပက်ခန့်ကြာသော်>>>>

"ဟုတ်ကဲ့ ပြောပါခင်ဗျ"

"....."

" ကျွန်တော်က သူရဲ့ပြောခွင့်ဆိုခွင့်ရှိတဲ့ မန်နေဂျာပါ"

"....."

"အဲ့ဒီရက်ဆိုရင် မအားဘူးဗျ ဒီလအတွက် အားတဲ့ရက်ဆိုလို့ တစ်ရက်မှမရှိဘူးခင်ဗျ"

"....."

"နောက်လဆိုရင် အစပိုင်းလောက်ပဲ ရက်ယူလို့ရမယ် အဲ့ဒီလိုမှ အဆင်မပြေရင်တော့ တခြားတစ်ယောက်ကိုပဲရှာလိုက်ပါ"

"....."

" ပိုက်ဆံပိုပေးလည်းမရိုက်ပါဘူးခင်ဗျာ "

"....."

" အခုလည်း သူမအားဘူးဗျ အလုပ်လုပ်နေတုန်းပါ သူနဲ့ပဲပြောပြော ကျွန်တော်နဲ့ပဲပြောပြော အဖြေကအတူတူပါပဲ"

"....."

"အခုလို ကျွန်တော်တို့ဘက်ကို ဆက်သွယ်လာပေးလို့ ကျေးဇူးတင်ပါတယ်"

ခမ်စိုင်း ဖုန်းပြောနေတဲ့ အစ်ကိုဝေလုကို ကြည့်နေလိုက်သည်။ ဖုန်းချလိုက်ပြီဆိုမှ

"အစ်ကိုဝေလု မနက်စာဘာလုပ်ထားလဲ ဗိုက်ဆာတယ်"

ဝေလုဖုန်းကို စားပွဲပေါ်တင်လိုက်ပြီး ခမ်စိုင်းအတွက်ပြင်ထားသော မနက်စာကို သွားယူလာခဲ့သည်။

"ဒီမှာ မင်းအတွက်"

"ဟမ် ဘာကြီးလဲ"

"ငါးဆန်ပြုတ်"

" ကြက်သားဆန်ပြုတ်ပဲ ကြားဖူးပါတယ်"

"စားမှာပဲမလား မြန်မြန်စား "

အစ်ကိုဝေလု လာချပေးသည့် ငါးဆန်ပြုတ်ဆိုသည့်ဟာကို စားရင်း လက်ကလည်း ဖုန်းကိုယူရင်း ဒီနေ့အချိန်ဇယားကို ကြည့်လိုက်သည်။

YOU ARE MY BABYWhere stories live. Discover now