( U )Queen Anne's Lace Restaurant >>>
VIP စားသောက်ခန်းတစ်ခုအတွင်း မိသားစုတစ်စု မျက်နှာချင်းဆိုင် ထိုင်ကာ သူတို့၏အာရုံကို စားပွဲပေါ်က စားစရာများထံတွင်သာထားပြီး တိတ်ဆိတ်စွာ စားသောက်နေကြသည်။
ဘေးဘက်နံရံများပေါ်တွင် Queen Anne's Lace ပန်းချီကားပုံများနှင့် ဓာတ်ပုံများကိုတွေ့နိုင်သည်။
အသက်ငါးဆယ်ကျော်လူကြီးတစ်ဦးနှင့် အန်တီကြီးတစ်ယောက်က ဘေးချင်းကပ်ထိုင်ပြီး သူတို့နှစ်ဦးရဲ့ ဘေးတစ်ဖက်ဆီမှာ အသက် ၃၀ အမျိုးသားတစ်ဦးနှင့် အသက်၂၇ နှစ်အရွယ် အမျိုးသားငယ်တစ်ဦးတို့ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။
ပထမဦးဆုံး အသက်ငါးဆယ်ကျော်လူကြီးက ဇွန်းခရင်းကို လက်ထဲမှချလိုက်ပြီး ဘေးနားတွင်ရှိသော သုတ်ပုဝါအဖြူရောင်ကိုယူပြီး ပါးစပ်သုပ်လိုက်သည်။ ထို့နောက် အနွေးခံထားသော လက်ဖက်ခါးရည်ခွက်ကို ယူကာ တစ်ငုံငုံလိုက်ရင်းမှ
" ဟင်း~~~ "
သက်ပြင်းချလိုက်သလို ညည်းသံထုတ်ကာ သားဖြစ်သူနှစ်ယောက်အား စူးစိုက်ကြည့်ပြီး စကားစမြည်ပြောလိုက်သည်။
" မင်းတို့နှစ်ယောက် အစ်ကိုကြီးတွေဖြစ်ပြီး ညီငယ်တစ်ယောက်လုံးကို မရှာနိုင်ဘူးလား "
ထိုလူကြီး၏စကားကြောင့် အမျိုးသားနှစ်ယောက်၏ ဇွန်းခရင်းကိုင်ထားသော လက်များမှာ ရပ်တန့်သွားပြီး သူတို့၏စားသောက်နေခြင်းအား ပြိုင်တူရပ်လိုက်သည်။
လူကြီး၏ဘေးတွင်ထိုင်နေသော အန်တီကြီးကတော့ သူမစားစရာရှိတာကိုသာစားနေသည်။
အရင်ဆုံး အကြီးဆုံးသားက
" ကျွန်တော် လူလွှတ်ရှာခိုင်းထားပါတယ် မကြာခင် ညီငယ် ကို ရှာတွေ့မှာပါ"
" ဟွန့်~~မကြာခင် ဟုတ်လား
မကြာခင်ဆိုတာ ဘယ်တော့လဲ တိတိကျကျအဖြေမရှိဘူး မဟုတ်လား"ဦးခေါင်လင်းတစ်ယောက် တိတ်ဆိတ်သွားသော အကြီးဆုံးသားကိုကြည့်ပြီး တစ်ဖက်က နောက်ထပ်သားဖြစ်သူကိုလှမ်းကြည့်လိုက်သည်။

YOU ARE READING
YOU ARE MY BABY
Romanceငယ်ငယ်လေးတည်းက စောင့်ရှောက်ခဲ့ရတဲ့ကလေးမို့ သံယောဇဉ် ပိုမိတာပါ ။ အဖြူရောင်ကလေးမို့ အရောင်မဆိုးရက်ဘူး - Sai Satt Maw ( Kham Sai ) Daddy စကားဆို မြေဝယ်မကျနားထောင်မယ့်သူမို့ ဘယ်သူ့ကိုမှ သားထက်ပိုမချစ်ပါနဲ့ - Khit Oo Maw ( Ar Pyal ) #Earth ငယ်ငယ်လေးတည်း...