( U )
Dream World Cafe မှ ခမ်စိုင်းတစ်ယောက်တည်း ထွက်လာပြီး ဝေလုဆီဖုန်းဆက်လိုက်သည်။
" ဟယ်လို အစ်ကိုဝေလု ကျွန်တော့်ကို လာခေါ်လို့ရပြီ ”
ငါးမိနစ်လောက်ကြာတော့ ခမ်စိုင်းမတ်တပ်ရပ်နေသော အရှေ့သို့ ကားတစ်စီးထိုးရပ်လာသည် ။ ခမ်စိုင်းလည်း အနောက်တံခါးဖွင့်ကာ ကားထဲဝင်လိုက်သည်။
" မနက်ဖြန် မိဘမဲ့ကျောင်း ထပ်သွားရလိမ့်မယ် ”
" အဆင်ပြေသွားပြီလား ”
" ဦးစံအတူလိုက်မှာ အဆင်ပြေရမှာပေါ့”
" ခမ်စိုင်း အစ်ကိုမင်းကို ချီးကျူးတယ် ဘာမဆို အကုန်လုပ်နိုင်နေရော ”
" ဘယ်သူမို့လို့လဲ~~အဟင်း ”
ခမ်စိုင်းအနောက်ကိုမှီရင်း နောက်ကြည့်မှန်ထဲကနေ အစ်ကိုဝေလုကို လှမ်းကြည့်လိုက်သည်။ မျက်ခုံး၊မျက်လုံး အပါအဝင် မျက်နှာတစ်ခုလုံးရှိ အစိတ်အပိုင်းတိုင်း အားလုံးသည် ငြင်းစရာမရှိအောင် ပစ်ချက်ကင်းပြီး ခန္ဓာကိုယ်အချိုးအစားသည်လည်း ကျွန်တော်နှင့်အတူတူပင်။ ဒါကို အစ်ကိုဝေလုက သရုပ်ဆောင်မလုပ်ဘဲ ကျွန်တော့်ဘေးတွင် ကျွန်တော့်ရဲ့ ယုံကြည်အားကိုးရသူ မန်နေဂျာတစ်ယောက်အဖြစ် ရပ်တည်ပေးသည်။ ဘာကြောင့်လဲလို့မေးရင် သူ့ဝါသနာက သရုပ်ဆောင်မဟုတ်ကြောင်းသာ ပြန်ဖြေသည်။
ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ကျေးဇူးတင်ပါတယ် အစ်ကို ။\\\\\\\\\\ YOU ARE MY BABY //////////
" ဟဲ့ ငါတို့အဆူခံရမလား မသိဘူး ”
" အေးဟယ် ငါလည်းကြောက်တယ် ”
" အလုပ်ဖြုတ်ရင် ဘယ်လိုလုပ်မလဲဟင် ”
မင်းမြတ်ထင်သာ နားနေခန်းကနေထွက်လာတော့ ဆရာမလေးနှစ်ယောက် စကားပြောနေတာကို ကြားလိုက်ရသည်။
ရယ်လည်းရယ်ချင်မိသည်။ လွန်းလွင်ပြင်လို မျက်နှာရူးကို သူတို့မို့ကြောက်နေသေးသည်။ ဟုတ်တော့လည်း ဟုတ်မှာပါလေ။ လွင်ပြင်က ဆေးပညာနဲ့ပတ်သက်ပြီး စေ့စပ်သေချာသည်။ အလုပ်ချိန်ဆိုအလုပ်ထဲတွင်သာ အာရုံစိုက်စေချင်သည့်သူ။
YOU ARE READING
YOU ARE MY BABY
Romanceငယ်ငယ်လေးတည်းက စောင့်ရှောက်ခဲ့ရတဲ့ကလေးမို့ သံယောဇဉ် ပိုမိတာပါ ။ အဖြူရောင်ကလေးမို့ အရောင်မဆိုးရက်ဘူး - Sai Satt Maw ( Kham Sai ) Daddy စကားဆို မြေဝယ်မကျနားထောင်မယ့်သူမို့ ဘယ်သူ့ကိုမှ သားထက်ပိုမချစ်ပါနဲ့ - Khit Oo Maw ( Ar Pyal ) #Earth ငယ်ငယ်လေးတည်း...