( U )
" အူ......ငဲ.......အား.......ဝါး ~~~~ "
" ခမ်စိုင်းရေ မပြီးသေးဘူးလား မင်းရဲ့ကလေးငိုနေပြီ ငါလည်းထိန်းမနိုင်ဘူး "
ဖက်!
" ဟာ "
ကလေးက ငိုနေသော်လည်း လက်က ဝေလုရဲ့မျက်နှာကို လှမ်းရိုက်သည်။ သို့သော် အငိုမပြတ်ပေ။
" အူး~~ဝါး~~~အီး~~~~ဟီး~~~ဗြဲ "
" ကိုယ်လာပြီ ကလေးရေ ကိုယ်လာပြီ "
ခါးတွင်တဘက်ပတ်ထားပြီး အပေါ်ပိုင်းဗလာကျင်းဖြင့် ရေချိုးခန်းထဲမှ ထွက်လာသော ခမ်စိုင်း။
" လာ လာ ကိုယ့်ဆီလာ "
" ဘာကိုယ်လဲ ကလေးအဖေရဲ့
အဖေဆိုအဖေပေါ့ တကိုယ်ကိုယ်နဲ့ "
" အဖေလို့အခေါ်ခံဖို့ ကျွန်တော်က ငယ်သေးတယ်လေ အစ်ကိုရာ "
ခမ်စိုင်းလက်ထဲရောက်သွားသည်နှင့် အငိုတိတ်သွားသော ပေါက်စကို ဝေလုမျက်စောင်းခဲမိသည်။
" မင်းတို့သားအဖ မြန်မြန်လုပ်ကြကွာ ပွဲချိန်နီးနေပြီ"
" အွန်းပါ အစ်ကိုရာ
အာပြဲရေ ကုတင်ပေါ်မှာ ခဏနေနော် ကိုယ်အင်္ကျီ ~~ အဲ ~~ Daddy အင်္ကျီဝတ်လိုက်အုံးမယ်
ပြီးရင် အာပြဲကိုလည်း အင်္ကျီလဲပေးမယ်နော်"
ကလေးလေးက ခမ်စိုင်းပြောစကားအား နားလည်သလိုနှင့် ပြုံးကြည့်နေသည်။
ကုတင်ပေါ် ပက်လက်လှန်နေရာမှ သူ့ဘာသာမှောက်ပြီး ခမ်စိုင်း အဝတ်ဝတ်နေခြင်းအား စူးစမ်းကြည့်နေသည်။
ပုံမှန်ဆိုရင် ကလေးတွေက တစ်နှစ်ဆိုတာနဲ့ မတ်တက်ကောင်းကောင်းရပ်ကာ ခြေစမ်းနေပြီ။ အခု အာပြဲလေးက နှစ်နှစ်ပြည်တော့မည်ဖြစ်သော်လည်း လမ်းကောင်းကောင်းမလျှောက်တတ်။ မလျှောက်ချင်တာဆိုလျှင် ပိုမှန်မည်။ သုံးလေးလှမ်းလောက် လျှောက်ပြီးတာနှင့် ထိုင်ချကာ အော်ငိုတတ်သည်။ ပြီးလျှင် ညာတာပါတေးနှင့် ခမ်စိုင်းကောက်ချီမှ အငိုတိတ်သည်။ အစ်ကိုဝေလု လက်ထဲရောက်သည်နှင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျကာ အော်ငိုသည်။

YOU ARE READING
YOU ARE MY BABY
Romanceငယ်ငယ်လေးတည်းက စောင့်ရှောက်ခဲ့ရတဲ့ကလေးမို့ သံယောဇဉ် ပိုမိတာပါ ။ အဖြူရောင်ကလေးမို့ အရောင်မဆိုးရက်ဘူး - Sai Satt Maw ( Kham Sai ) Daddy စကားဆို မြေဝယ်မကျနားထောင်မယ့်သူမို့ ဘယ်သူ့ကိုမှ သားထက်ပိုမချစ်ပါနဲ့ - Khit Oo Maw ( Ar Pyal ) #Earth ငယ်ငယ်လေးတည်း...