ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-7
Zawgyi
"ဒီလောက်ထိ ခရီးပေါက်နေမှ လုပ်ခဲ့ပြန်ပြီ၊ မင်းကလဲ ဟိုမှာ သူ့ခမျာ ဆရာဝန်ဆိုတဲ့သိက္ခာပုဒ်နဲ့ ထိန်းသိမ်းရ၊ ကြိတ်ငိုရနဲ့ဖြစ်ပြီးသေချာတယ်၊ ခုလောက်ဆို အိပ်ဆေးပုလင်းကိုင်နေမလား၊ ပိုးသတ်ဆေးသောက်ဖို့ ကြံနေပြီလား၊ တစ်ခုခုပဲ"
ကားမောင်းနေရင်း ဟောက်ရွှမ်းပြောတာကို သတိရတော့ ပြုံးလိုက်မိသည်။
"ဘာလဲ၊ မင်း နောက်တစ်ယောက် တွေ့သွားပြီလား၊ ဘယ်သူလဲ"
ထပ်မေးသည်။ မရမက လိုက်အစ်သည်။ သူ ဘာမှမဖြေခဲ့မိ။ ကားလေးက ကျောင်းဝင်းနားမှာ ထိုးရပ်သွားသည်။ ခဏကြာမှ နောက်ကို ဖြည်းဖြည်းပြန်ဆုတ်၏။ နာရီကြည့်လိုက်တော့ 11:15AM.....
ကားကို နေရာတကျရပ်ထားခဲ့ပြီး သူ ကျောင်းဝင်းထဲဝင်လာခဲ့သည်။ စုံစမ်းသိရှိထားသည့်အတိုင်း ကျောင်းသားတွေ အုပ်စုလိုက်၊ ခြေဦးလှနေသည့် Canteenကို မဟုတ်ဘဲ သူရှိသည့် စာသင်ဆောင်ရှိရာသို့ အတိအကျ ဝင်ခဲ့၏။
"ရှောင်ကျန့် တဲ့၊ ရှေ့မှာ ဧည့်သည်"
ယောကျာ်းလေးတစ်ယောက်က ခေါ်ပေးသည်။ အခန်းထဲမှာ အနည်းအကျဉ်းသာ ရှိနေသည့် ယောကျာ်းလေးအချို့ ခေါင်းထောင်သွား၏။
ရှောင်ကျန့် မျက်လုံးလေးဝိုင်းလျက် ချက်ချင်းထရပ်လိုက်မိ၏။ တံခါးပေါက်ရှိသမျှ လိုက်ကြည့်ပေမယ့် ကော်ရစ်ဒါမှာ ဘယ်သူမှမရှိ။
"ရှောင်ကျန့် တကယ်ပြောတာ၊ ဟိုမှာ စောင့်နေတယ်"
နောက်ထပ်ပြောတော့မှ ရှောင်ကျန့် ခပ်သုတ်သုတ်လေး ထွက်ခဲ့သည်။ ပါးစပ်ထဲမှာ မျိုမချနိုင်သေးတဲ့ ထမင်းလုတ်ကို ပါးစောင်မှာ ကပ်ထားမိဆဲ.....။
"ကျန့်ကျန့်"
"ဟင်..."
ပါးစပ်လေးပွင့်သွားမိပြီး ပါးစပ်ထဲက ထမင်းတွေကို သတိရကာ လက်ခုံလေးတစ်ဖက်နဲ့ ကာကွယ်အုပ်မိ၏။
အံ့ဩမိလေခြင်း၊ သူ ထိုသူ ဘယ်သူမှန်းပင် မသိခဲ့ပါ။
"ဝမ်နဲ့ နင် ဘယ်လောက်ကြာအောင် စကားပြောခဲ့သလဲ" ဟု ယွီကျဲ မေးတုန်းက စဉ်းစားလိုက်ရတာ။ ဝမ်ဆိုတာ သူမှန်း မသိခဲ့ပါ။ သိရတော့လည်း ဝမ် တစ်လုံးတည်းဖြစ်သည်။ သူက ရှောင်ကျန့်ကို တရင်းတနှီး ပြုံးပြ၍.....