ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-27
Zawgyi
အရပ်ရှစ်ခွင်တစ်ခုလုံး မည်းမှောင်သော ကြီးစိုးမှုကို ဖောက်ခွင်း၍ လျှပ်ပန်းနွယ်သဇင်မင်းက ပြိုးပြိုးပြက်ပြက် ကကြိုးဆင်လိုက်ခြင်း၏ နောက်မှ ထပ်ချပ်မကွာ လိုက်လာသော အုံ့ခြိမ့်ခြိမ့် မြည်ဟည်းသံကြောင့် ရင်အစုံ တသိမ့်သိမ့်လှိုက်ဖိုရာမှ မောဟိုက်လာပြီးနောက် နာကျင်မှုကို သည်းခံနိုင်စွမ်းမရှိတော့သည်နှင့် တစ်ပြိုင်နက်.....
"ကျန့်ကျန့်"
ရှောင်ကျန့် ရီပေါ်ရင်ခွင်သို့ မျက်နှာအပ်ကာ ငိုချလိုက်သည်။ ရီပေါ်က တယုတယထွေးပိုက်လိုက်သည်။ တဒင်္ဂတော့ ရီပေါ်ဟာ သူ့ကို အားရအောင် ငိုပါစေဟု သဘောထားပြီး အတန်ကြာသော်.....
"တိတ်တော့နော် ကျန့်ကျန့် ကိုယ့်ကြောင့် ခံစားနေရတဲ့ ကျန့်ကျန့်အတွက် ကျေနပ်အောင် ကိုယ်ပေးဆပ်ပါ့မယ် ချစ်တယ် ကျန့်ကျန့်ရယ်"
ရီပေါ်က ရှောင်ကျန့်ကို ရင်ခွင်ထဲမှ ညင်သာစွာ ခွာထုတ်လိုက်ပြီး မျက်ရည်များကို လက်ချောင်းကလေးတွေနှင့် ပွတ်သပ်သိမ်းဆည်းပေးရင်း တောင်းပန်စကားဆိုလေသည်။
"ကိုကို..."
"ဟင်"
ရုတ်တရက် ရင်ထဲ လှုပ်ခတ်သွား၏။ မပြောင်းလဲသော အဝေါ်အဝေါ်လေးများက သူ့စိတ်ကို ပြန်လည် နုပျိုကာ လှုပ်ခတ်စေနိုင်သည်။ ဒီအခေါ်အဝေါ် အသုံးအနှုန်းလေးကို သူ သိပ်လွမ်းနေမိတာ....
"နောက်တစ်ခေါက်လောက် ပြန်ခေါ်ပေးပါလား ကျန့်ကျန့်"
"ကိုကို"
ရှောင်ကျန့်က ခေါင်းလေးငုံ့ကာ တိုးတိုးတိတ်တိတ်လေး ခေါ်၏။
"နောက်တစ်ခေါက်လောက်"
"ကိုကို"
"နောက်...နောက်တစ်ခေါက်လောက်"
"ကိုကို"
"နားထောင်လို့ကောင်းလိုက်တာ၊ ပြန်ကြားချင်သေးတယ်၊ နောက်တစ်ခေါက်လောက်"
"ဝမ်ရီပေါ်..."
အံကြိတ်သံနှင့် သူ၏ နာမည် အပြည့်အစုံကို ခေါ်လိုက်သဖြင့် ရှောင်ကျန့်ကို ငုံ့ကြည့်ပြီး နှုတ်ခမ်းလေး ကွေးတွန့်ကာ ပြုံးလိုက်ရင်း.....