ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-13
Zawgyi
ယွီကောက သူ ဝင်ထိုင်လိုက်ပြီးမှ တံခါးသေချာပိတ်ပေးပြီး တစ်ဖက်က ဝင်ထိုင်သည်။
" Sorry ယွီကော ၊ ကျွန်တော် နေတဲ့လမ်းထိပ်က ကိုယ်ဝန်ဆောင်(1)ယောက် မီးဖွားဖို့ ဒုက္ခရောက်နေတာနဲ့ ကူညီရင်း နောက်ကျသွားတာ"
ယွီကောက ပြုံး၍ လှည့်မကြည့်ဘဲ ခေါင်းညိတ်၏။
"နောက်မကျပါဘူး၊ ကိုယ်က ဘာပြောပြော ခေါင်းခါနေတဲ့ ကလေး ဒီနေရာကို လာမှလာပါ့မလားလို့ တွေးပူနေတာ၊ ကိုယ်ထင်တယ် သိလား၊ ကိုယ်က ကလေး ဒီတစ်ခါ ယုံကြည်သွားမှာပါလို့ ပြောတာကို မယုံလို့ ထွက်ခဲ့တာမို့လား၊ ဒီလောက် ခဏခဏ မကောင်းကြောင်းတွေပြောနေတာ ဒီတစ်ခါ နောက်ဆုံးပဲ၊ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် ပြီးပြီလို့"
ယွီကော ပြောတာကို ရှောင်ကျန့်က မရယ်ချင်ဘဲရယ်၍ နှုတ်ခမ်းလေးပါ မဲ့သည်။
"ယွီကောက ဒါလဲ တော်တာပဲနော်၊ ဒါပေမယ့် ကျွန်တော့် နှလုံးသားကို လိုချင်ပြီး အကဲမခတ်နိုင်တာတော့ စိတ်မကောင်းစရာပဲ၊ ကျွန်တော်က သူကလွဲပြီး..."
"နေပါဦး"
ကားကို Hotelဘက်သို့ ခပ်မြန်မြန် ကွေ့ချလိုက်ပြီး ယွီကောက လှည့်လည်းကြည့်ပြီး တားလည်းတားသည်။
"ရောက်နေပါပြီ၊ မင်းကို ကိုယ်အထဲခေါ်သွားမယ်၊ မင်းမြင်ဖို့လိုအပ်တဲ့အရာတွေကို ပြမလို့၊ ဒါပေမယ့် တိတ်တိတ်ဆိတ်ဆိတ်နေမှဖြစ်မယ်"
နာမည်ကြီးHotelထဲကို ကားလေးကွေ့ဝင်သွားခဲ့၏။ ကားပေါ်က ဆင်းတော့လည်း ယွီကော ခေါ်သွားတဲ့အတိုင်း ရှောင်ကျန့် လိုက်သွားခဲ့သည်။ အဆင်သင့်ပြင်ထားပြီးသော မင်္ဂလာပွဲကြီးက စည်ကားစပြုပြီ။ လူတွေနဲ့ ပွဲ၏ခမ်းနားမှုကို ဘာမှန်းမသိဘဲ ရှောင်ကျန့် လိုက်ငေးရင်း မျက်လုံးတို့က ဧည့်ခံပွဲထိပ်စီးက သတို့သား သတို့သမီး တို့၏ နာမည်တွေဆီအရောက်.....
ဝမ်ရီပေါ်
နှင့်
ကျောက်လင်းရှကိုကို...။ နာမည်(3)လုံးနှင့် တစ်ထပ်တည်း ကိုကို့မျက်နှာကို မြင်ယောင်မိသွားသည်။ ဒါ ကိုကိုပဲဆိုတာကို နာနာကျင်ကျင် ယုံကြည်လိုက်မိပြီဖြစ်၏။ ရင်နာခြင်းကို ထိထိမိမိ ခံစားရသောအခါ ကိုယ်ဟာ ရပ်တည်နေတာမဟုတ်တော့ဘဲ အခိုးအငွေ့ ဖြစ်သွားခဲ့သလား။ လေထဲမှာလွင့်မျောသွားပြီလား။ မယုံတာ မဟုတ်ပါ။ ဒါပေမယ့် မယုံချင်။ မုန်းသွားတာလည်း မဟုတ်။ သို့သော် နာကြည့်သွားခဲ့၏။