ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-28
Zawgyi
Beijingရောက်တော့၊ သူတို့ ကမ်းနားHotelတစ်ခုမှာ၊ တည်းဖြစ်ကြသည်။ ရီပေါ်က သားလေးကို ပွေ့ချီထား၏။ အခန်းနံပါတ် (206) ကို ယူပြီး၊ သော့ကို ရှောင်ကျန့် လက်ထဲအပ်ကာ.....
"သွားနှင့်၊ ကိုယ် တက်လာခဲ့မယ်၊ ဒီမှာ တပည့်လေးတွေနဲ့ ချိန်းထားလို့ ခဏလေး"
"သားလေး၊ လာ...ပါပါးတို့ အရင်သွားရအောင်"
သားလေးက၊ ရီပေါ်ကို တင်းတင်းဖက်လျက်၊ သူ့ကို လှည့်ကြည့်ကာ.....
"ပါပါး...သားသားလေး၊ Daddyနဲ့ လိုက်သွားမယ်နော်၊ Daddy သားသားလေး၊ လိုက်လို့ရလားဟင်..."
သားလေးက ရှောင်ကျန့်ကို ပြောပြီး၊ သူ့ဆီက လိုက်ခွင့်တောင်းယူနေပြန်သည်။ သူ မျက်နှာငုံ့၍ သား၏ ပါးကလေးကို ငုံ့နမ်းလိုက်၏။
"ဟား၊ ရတာပေါ့ သားရဲ့၊ ဒါဆို ကိုယ် သားကိုခေါ်သွားမယ်နော်"
"အင်း"
ရှောင်ကျန့်က Hotelဧည့်ဆောင်းမှာ ကျန်ရစ်ခဲ့သည်။
ရှောင်ကျန့်တစ်ယောက်တည်း၊ အခန်းသော့ကို ဖွင့်လိုက်ကာ၊ အခန်းထဲမှာ နေလုံအောင်ကာရံထားသော၊ ခန်းစီးစကြီးကို ဆွဲဖယ်လိုက်ကာ၊ အခန်းလေးကို ဝေ့ဝဲကြည့်မိသည်။
ဝိုး...တကယ့်ကို ရင်ခုန်စရာလေးပါပဲ။
တစ်ခန်းလုံးလည်း သစ်သီးရနံ့တချို့၊ ခပ်ဖျော့ဖျော့မွှေးနေ၏။
သိပ်မကျယ်လှသော၊ အခန်းလေးထဲမှာတော့၊ မိသားစုခုတင်ကြီး တစ်လုံး ချထားပြီး၊ ကျွန်းသားဖြင့် ထုလုပ်ထားသည့်၊ နံရံကပ်မှန်ကြီးတစ်ခု၊ TVတစ်လုံးနှင့် ကျွန်းအဝတ်ဗီရို တစ်လုံးကို၊ သပ်သပ်ရပ်ရပ်လေး၊ တွေ့ရသည်။
ပြီးတော့ အခန်းအပြင်ဘက်၊ ဝရန်တာဘက်က ကြည့်လိုက်တာနှင့်၊ ကျယ်ပြောလှတဲ့ ပင်လယ်ကမ်းခြေကြီးကို တွေ့ရပြီး၊ ထိုပင်လယ်ကမ်းခြေကြီးမှာ အမျိုးသား/အမျိုးသမီးတွေ ရေကူးနေကြ၊ မိသားစုလေးတွေနဲ့ ရေငုတ်ပျော်ပါး ကစားနေကြပြီးသလို၊ ထိုင်ပင်လယ်မနီးမဝေးမှာတော့၊ မော်တော်ဘုတ်ဖြူဖြူတွေကို လှမ်းမြင်နေရသည်။