ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-26
Unicode
စိတ်လိုက်မာန်ပါ လုပ်မိခဲ့ခြင်းကို နောင်တရလာသည်။ တစ်လောကလုံးကို ဘာဖြစ်နေနေ ဂရုမစိုက်စွာ ကျောက်ချရပ်တန့်နေခဲ့သော ကားတစ်စီးလုံးကို ဒီတိုင်း ထိုင်ကြည့်နေရသည့်အဖြစ်က အမှောင်ထုကြောင့် ပိုဆိုးသည်။
သားလေး၏တုန်ခါအက်ရှနေသော စကားသံလေးက နှိပ်စက်၏။
"ပါပါး၊ ပါပါး ဘာလို့ရပ်တာလဲ၊ ကားကပြင်လို့မရတော့ဘူးလားဟင်"
"သားရယ်၊ ဟိုလေ....."
"မှောင်မှောင်ကြီး၊ ဘယ္သူမွလဲ မရှိဘူး၊ သားသားလေး ကြောက်တယ်၊ ပါပါး ကားပေါ်တက်ပါ၊ သားသားလေး ကြောက်တယ်"
"သား"
သားက ပြောနေရင်းတံခါးမှာပြေးကပ်ရင်းငိုတော့သည်။စက်ဖုံးဖွင့်လျက်သားနှင့်ဘာမှလည်းမလုပ်တတ်ဘဲ ရပ်နေမိသော ရှောင်ကျန့် ကားပေါ်ကပျာကယာ တက်၍ သားလေးကို ဖက်ထားလိုက်မိသည်။
"သားသား မငိုနဲ့လေ၊ တိတ် တိတ်၊အော်မငိုရဘူး သားရဲ့၊ တော်ကြာကားတစ်စီးလောက်လာရင် အကူအညီတောင်းလို့ ရမွာပါ"
"ဟင့်အင်း၊ ဟင့်အင်း၊ ပါပါး ကားမောင်း၊ အခု သွားရအောင်ပါ၊ သားသားလေး ကြောက်တယ်"
"သား...သားရယ်"
ရှောင်ကျန့် ငိုချင်စိတ်ကို ထိန်းချုပ်၍ ကားမီးတွေ အားလုံးဖွင့်ထားလိုက်မိသည်။
မသေမချင်း ရင်ကွဲအောင်အော်တတ်ကြသည့် ပုစဉ်းရင်ကွဲသံတို့က ဆူညံလာသည်။ ပတ်ဝန်းကျင်ပတ်လည်အားလုံးဟာ မိုးသားမြေပြင်ရယ်လို့ ဘာမှခွဲခြားမမြင်ရလောက်အောင်ပဲ ပိန်းပိတ်မှောင်နေ၏။ မရွာဘဲ မှုန်မှိုင်းနေသော မိုးသားများကြောင့် ကြယ်ရောင် မျဖာ၊ လက မရှိ။ဘယ်ကိုကြည့်ကြည့် လူနေအိမ်ခြေနှင့် တူတာလဲ မမြင်။
သား၏ ခေါင်းလေးကို ရင်ခွင်ထဲ ဆြဲကပ္ထားကာ ရှောင်ကျန့် မျက်လုံးတွေကို မွိတ္ထားမိ၏။ သားက ကလေးမို့ ဟန်မဆောင်နိုင်။ သူကေတာ့ လူကြီးမို့ ဟန်ဆောင်နေရသည်။ ဒါပေမယ့် ကြောက်နေတာပါပဲ။