Zawgyi
"အန်ကယ်က pressure ကျသွားတာပါ. နားလိုက်ရင် အဆင်ပြေသွားမှာပါ."
"အေးကွယ် သားရောက်နေလို့ တော်သေးတာပေါ့. ဖေကြီးက မဟုတ်ရင် ဆူပူနေဦးမှာ."
Mrs.jeon ကမျက်စောင်းဝင့်ကာ ဆိုသည်။
jimin တိုးတိုးရယ်လိုက်မိသည်။ ဒီ jeon လင်မယားဟာ နွေးနွေးထွေးထွး ရှိလှသည်။"ဟုတ်ကဲ့ အန်တီ ကျွန်တော် ပြန်တော့မယ် ဒါဆို"
"အေးအေး နေဦးလေကွယ် အကြီးကောင်ကို ပြန်ပို့ခိုင်းလိုက်မယ်"
"သားရေ ဆင်းခဲ့ဦးကွယ် မင့်ညီကို ပြန်ပို့လိုက်ဦး"
jimin အန်ကယ်jeon၏ မွေးနေ့ရှိတာကြောင့် dinner သဘောမျိုး ရောက်လာရခြင်း ဖြစ်သည်။ မွေးနေ့ဆိုသော်လည်း မိသားစုနှစ်ခုက အလွန်ရင်းနှီးကြသောကြောင့် Mr.park တို့ကိုသာဖိတ်ထားခြင်းဖြစ်သည်။ ဖေဖေတို့က ခရီးသွားနေ၍ သူလာရခြင်းပင်။
"ပြန်ပါတော့မယ်. ကောင်းကောင်းစားခဲ့ရပါတယ်."
jimin ပြုံးရင်း ဆိုလိုက်သည်။"အေးကွာ mr.park တို့ကိုလည်း အားရင်လာခဲ့ဖို့ ပြောလိုက်ပါအုန်း jimin ရေ"
"ဟုတ်ကဲ့ အန်ကယ် ကျွန်တော်ပြောလိုက်ပါ့မယ်"
jimin ထွက်သွားသည်နှင့်
"ဖေကြီးရေ jimin တို့လိမ္မာလိုက်တာ သားအငယ်နဲ့တော့ တခြားစီ""အေး မင့်သားကိုပြန်ခေါ်ဖို့က ဘယ်တော့လဲ မြန်မြန်လုပ် ပိုဆိုးလာရင် မင်းရောမလွယ်ဘူးနော်"
Mr.jeon ကအံကြိတ်ကာ ပြောသွားသည်။ဟူးး အငယ်ကောင်နဲ့တော့ စိတ်ညစ်ပါတယ် ဆိုးသွမ်းနေလိုက်တာ. ဒါဘယ်သူ့တူတာလဲ ဟွန့်
jiminက ဆရာဝန်ဘွဲ့ကို ပူပူနွေးနွေးရခါစ ဖြစ်သည်။ ဆေးရုံတစ်ခုမှာ အလုပ်ဝင်တာမကြာသေး။ နိုင်ငံခြားထိ ပညာဆည်းပူးခဲ့သူမို့ ပညာကတော့မသေးပေ။ သို့သော် လောလောဆယ်တော့ အလုပ်ဝင်ခါစဆိုတော့ ဆေးရုံမှာ case သေးသေးလေးတွေ သူချည်းဒိုင်ခံ ကုသနေရသည်။ jeon မိသားစုနဲ့က မိဘချင်း ရင်းနှီးကြသည်မို့ ကျောင်းပြီးလို့ ဒီပြန်ရောက်ကတည်းက အဆက်အဆံရှိနေတာ ဖြစ်သည်။ hoseok hyung ကလည်း အထက်တန်းတုန်းက စီနီယာဆိုတော့ အဆင်ပြေသည်လေ။
BẠN ĐANG ĐỌC
Best Of Me
Lãng mạn"ကိုကိုလို့ ခေါ်ပါဦး" "ရူးနေလို့ ခေါ်ရမှာလား" "ထားလိုက်ပါ အခုမခေါ်လဲ နောက်ခေါ်ရမှာပဲကို"