chapter4

259 39 0
                                    

Zawgyi

"jimin ဘယ်သွားတာလဲ.ငါက မင်းပျောက်သွားလို့ လိုက်ရှာနေတာ"

jimin ကပြုံးတုံ့ပြုံးတုံ့လုပ်နေရာမှ ဟီး ခနဲ မျက်လုံးတွေပျောက်အောင် ရယ်ပြသည်။

"ကလေးလေးကို တွေ့လို့ဟ"
ပြောရင်းနဲ့လည်း သူ့ပါးဖောင်းဖောင်းလေးကို လက်ညိုးနဲ့ ထိုးနေသေးသည်။

"ကလေးလေး ဘယ်ကကလေးလဲ"
taehyung ကမျက်မှောင်ကြုံ့ကာ မေးသည်။
jimin ပြုံးနေရာမှ နှုတ်​ခမ်းလေးဆူလာသည်။ ဒါက သူတခုခု အလိုမကျဖြစ်ရင် ဖြစ်လာတတ်တဲ့ အမူအကျင့်လေး။ လူကသာ ဆရာဝန်ဆိုပြီး လူကြီးအရမ်းဆန်အောင် နေနေပေမယ့် ကလေးရုပ်ကမပျောက်သေး။

"ဟာ ယောင်းကလည်း မင်းကအဲ့တာပဲ"

"ဘာလဲ ဘာလဲ"

taehyung စိတ်မရှည်တော့ အဲ့ကလေးလေးက ဘာမို့လို့ သူကပြုံးလိုက်မဲ့လိုက် ဖြစ်နေရသနည်း။

"ဟီး မင်းကလည်းကွာ စိတ်ကြီးပဲ. အဲ့တာကြောင့် ဘယ်သူမှမကြိုက်တာ"

"ဟေ့ကောင်"

"အေးအေး ပြောပြီ ဟိုတစ်ခါဆေးရုံကိုလာသွားတဲ့ ကောင်လေး"

taehyung ကနှာခေါင်းရှုံ့ရင်းဆက်မေးသည်။
"အဲ့တာ ဘာဖြစ်လဲ"

"အေး အဲ့တာ ငါကြိုက်လို့"
jimin ကပြောရင်း ပြုံးပြန်သည်။

ဒီကောင်တော့ ငါမျက်စိနောက်လာပြီ

သူ့သူငယ်ချင်းလေးက ပျော်ပျော်နေတတ်တဲ့ သူပေမယ့် အခုလို တစ်စုံတစ်ယောက်ကြောင့် အရူးလိုပြုံးနေတာကိုတော့ အခုမှ မြင်ဖူးတာဖြစ်သည်။
ဒီကောင် တကယ်ပြောနေတာများလား

"မင်းနော် ငါ့ကိုတောင်မပြောပြဘူး"

"ယောင်းကလည်း အခုပြောပြပြီလေကွာ. ငါလဲအခုမှ နှစ်ခေါက်ပဲတွေ့ဖူးသေးတာကွ"

"အဲ့တာကို အဲ့လောက်တောင်"

"ဟာ ယောင်းရ ကံကြမ္မာက သူ့ကိုငါ့အတွက် သတ်မှတ်ပြီးသားကွ"

jimin ကပြောရင်း taehyung ပခုံးကို မမှီမကမ်း လှမ်းဖက်သည်။

"အေးပါကွာ အဆင်ပြေပါစေ ဆုတောင်းပေးတယ်"
taehyung က လေးထောင့်အပြုံးလေးဖြင့် ဆိုသည်။

Best Of MeWhere stories live. Discover now