chapter5

247 36 1
                                    

Zawgyi

လေညင်းများက တဖြူးဖြူးတိုက်ခတ်နေသည်။ ဒီလို လေပြေမျိုးကို သူသိပ်သဘောကျသည်။ ညလေဖြစ်သည့်အလျောက် အေးစိမ့်မှုက မသိမသာရောပါလာတတ်သည်။ လက်နှစ်ဖက်ကို ပိုက်လိုက်ရင်း နွေးအောင်လုပ်မိသည်။

ဒီအချိန် ဟိုဆရာဝန်ပေါက်စရော ဘာလုပ်နေမလဲ

သူ ထိုနေ့ပြီးကတည်းက jimin ကိုမတွေ့တော့တာဖြစ်သည်။ တွေ့တိုင်း ကိုကိုလို့ခေါ်ဖို့ စနောက်နေတတ်သည့် ထိုအကိုသေးသေးလေးကို သူချစ်နေမိပြီထင်သည်။ ချစ်မိတဲ့သူက ယောက်ျားလေးဖြစ်နေလို့ အံ့ဩမိပေမယ့် သူကအချစ်ကို အချစ်လို့သာ ခံယူထားသည်။
သူဆိုတဲ့ အတွေးလေးနဲ့တင်ပြုံးနိုင်စေတဲ့လူမျိုးကို သူကလက်လွှတ်ရမည်လား။ မဖြစ်နိုင်ပါ။ အမြဲတမ်း မြင်ချင်နေတာမျိုး၊ သတိတရ လွမ်းမိသည် ဆိုတာမျိုးကို ပထမဆုံး သင်ပေးတဲ့သူလေ။ မတွေ့ရတဲ့ ရက်တွေအတွင်း တွေ့ချင်သည်မှာ တပိုင်းသေမတတ်။ ဆေးရုံကို လိုက်သွားဖို့လုပ်သည်မှာလည်း အကြိမ်ကြိမ်။ သို့သော် သူကအတွေးများတတ်သည့်လူမျိုး။ အတွေးတွေထဲတင် ပိတ်မိနေတတ်တဲ့ သူတစ်ယောက်။ ဘယ်အရာမဆို လေးလေးနက်နက် တွေးတတ်သည်။

ဟိုကသူ့ကို ဒီတိုင်းစနောက်နေတာဆို ဘယ်လိုလုပ်မလဲ။ သူ့လောက်လေးနက်မနေရင်ရော ။ သူခံနိုင်ရည်ရှိပါ့မလား။

"ဟူး..."

သူလေပူတွေကို မှုတ်ထုတ်လိုက်သည်။ခေါင်းကိုမော့ကာ မျက်လုံးများကို မှိတ်လိုက်သည်။ လေညင်းများက သူ့မျက်နှာကို ဖြတ်တိုက်သွားသည်။ သူခံစားလို့ ရနေသေးတယ်။ အဲ့ဒီနေ့က ခံစားချက်မျိုး။ ရင်ဘတ်ထဲက နှလုံးခုန်သံတွေ စည်းချက်မညီတာမျိုးလေ။

အမြဲတမ်းပြုံးနေတတ်တဲ့ လူသားလေးက နူးညံ့တယ်။ သူထိကိုင်ဖို့တောင် မရဲလောက်အောင်ပဲ
---------- ---------

"jiminee သားလာလည်တာလားကွဲ့ hoseok က အိမ်မှာမရှိဘူး သားရဲ့"

"ဟုတ် ဟို ကျွန်တော် အန်တီကို ခွင့်တောင်းစရာရှိလို့"

"ပြောလေ"

"ဟို လာမယ့်ပိတ်ရက်မှာ ကျွန်တော်နဲ့ အလုပ်ကညီအစ်ကိုတွေနဲ့ ပရဟိတသွားလှူမလို့. အဲ့တာ kookie ကိုရော ခေါ်သွားလို့ရမလားလို့. သူလဲ စိတ်ပြေလက်ပျောက် ဖြစ်တာပေါ့"

Best Of MeWhere stories live. Discover now