chapter3

279 40 0
                                    

Zawgyi

"Jungkook!! ပြန်လာပြီလား"

ဟိုချောင်း ဒီချောင်းနဲ့ဝင်လာရာမှ ဆတ်ခနဲတောင့်သွားကာ

"ဟီး မေကြီး"
jungkook ပြုံးပြလိုက်သည်။  နှုတ်ခမ်းပါးလေးတွေက ကော့တက်သွားကာ ရှေ့သွားလေးနှစ်ချောင်းက ပေါ်လာလေသည်။ ယုန်သွားတွေကို ထုတ်သုံးရမယ့် အချိန်ရောက်ပြီလေ ဟင်းဟင်း

"ဖေကြီးကို မပြောနဲ့နော် နော်လို့"

"မေကြီး~~"

ပါးစပ်ကလည်းချွဲရင်း လက်ကလည်း အတင်းလိုက်ဖက်နေတာဖြစ်သည်။

"မင်း  ငါမပြောချင်ဘူးနော်"

"မေကြီးကလည်း~~"

jungkook ပြောရင်းဆိုရင်း လိုက်ဖက်နမ်းနေတော့သည်။

"ဟင်း တကတည်း ကြည့်နေ ကြည့်စား jeon jungkook"

"ဟုတ် ဟုတ်ကဲ့"

"သွားမြန်မြန်"

"ဟုတ်"

jungkook သက်ပြင်းခိုးချကာ မေကြီးရှေ့မှ ထွက်လာခဲ့သည်။ တော်သေးသည် ။ ဖေကြီးနဲ့မတိုးလို့။
_______ _______
"ဟား"

jungkook အိပ်ရာပေါ်ကို ပစ်လဲချလိုက်သည်။ မျက်နှာကြက်ကို အကြောင်းမဲ့ငေးရင်း ဟိုဟိုဒီဒီ တွေးနေမိသည်။ အခုချိန်ဆို ဟိုကသူ့သူငယ်ချင်းတွေ ဘာလုပ်နေမလဲ။ သူမရှိတော့ အဖွဲ့တော့ လျော့သွားလိမ့်မည်။ သူလည်း ဒီမှာ တစ်ယောက်တည်း ဖြစ်နေသည်ပဲလေ။ ဟက် ရန်တော့ဖြစ်ပြီးသွားပြီ။ ရန်ဖြစ်ဆိုမှ သူ့အား မျက်လုံးအပြူးသားနဲ့ ငေးကျန်ခဲ့သော ဆရာဝန်​ပေါက်စကို သတိရလာသည်။
park jimin .park jimin ခင်ဗျားက ..
အင်း.... ခင်ဗျားက...လှတယ်
တော်တော် ဘာတွေတွေးနေမိမှန်းမသိဘူး.
သူဒီလိုဖြစ်တာ ပထမဆုံးအကြိမ်ဖြစ်သည်။

"အိပ်တာပဲ ကောင်းတယ်"
jungkook မျက်လုံးတွေကို မှိတ်ချလိုက်ပြီး အိပ်ရန်ပြင်လိုက်သည်။

"ဟာ ဘာလဲကွာ အဲ့လူကြီးရဲ့ပုံတွေက ပြန်ပြန်ပေါ်လာစရာလား"

jungkook အော်ဟစ်လိုက်မိသည်။ မဟုတ်သေးပါဘူး သူတို့တွေ့တာ ခနလေးမှခနလေးပဲ ရှိသေးတာလေ။ ခေါင်းထဲက ထုတ်မရဘူးဆိုတာ ဖြစ်သင့်လို့လား။
ကျစ် အဲ့အပြုံးတွေ. ခင်ဗျားက တကယ်စိတ်ရှုပ်စရာပဲ
စောင်ကို ခေါင်းအထိဆွဲခြုံလိုက်ပြီး မရရအောင် အိပ်ဖို့ပြင်တော့သည်။အိပ်မက်ထဲအထိပါလာသော ဂျူတီကုတ်လေးကြောင့် အိပ်ရင်းပြုံးနေမိတာကိုတော့ ကောင်ဆိုးလေးက သတိမထားမိလောက်။
_____ ______
"ဟာ hyung ဘာလာလုပ်တာလဲ"

Best Of MeWhere stories live. Discover now