Zawgyi
"ဘာလဲ jungkook ah. ကိုကိုက ဆေးရုံမှာပဲ ရှိသေးတာ "
"ဟုတ်ကဲ့ပါ ကျွန်တော်က သတိရလို့. အသံလေးကြားချင်လို့ ဆက်လိုက်တာ"
"aigoo ငါတို့ kookie လေးက အခုချွဲနေတာလား"
"အင်း"
"ဘုရားရေ"
"လွမ်းတယ် ကိုကို"
"အတည်? ကိုကိုတို့မနက်ကတွေ့ကြသေးတယ်လေ"
jimin မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်မိသည်။Jeon jungkook တို့နဲ့ ချစ်သူဖြစ်ပြီးနောက်ပိုင်း တနေ့တမျိုးကို မရိုးရပေ။ ဒါjungkookဟုတ်ရဲ့လားဟုပင် တွေးယူရသည်အထိ။ ကိုကို့စကားနားထောင်ပါ့မယ်ဆိုကာ အတန်းချိန်တက်ရေးအတွက် ကတိတွေစွတ်ပေးခဲ့သော်လည်း တခါတလေ ဒီအတန်းချိန်တွေကြောင့် ကိုကိုနဲ့တွေ့ချိန်လျော့ပါသည်ဟု မကျေမနပ် ဖြစ်နေတတ်သည်မှာလည်း မနည်းတော့။ စိတ်မထင်ရင် မထင်သလို အိမ်ရှေ့မှာ လာလာစောင့်နေလို့ ပုန်းလျှိုးကွယ်လျှိုး ထွက်တွေ့ရသေးသည်။ တစ်ခါကလည်း ညဘက်ကြီး ဖုန်းဆက်ကာ ကိုကို ကျွန်တော့်ကို ထားပြီးထွက်ပြေးလို့ကတော့ ရေမြေအဆုံးလိုက်ရှာမှာဟူ၍ ဖုန်းဆက်ကာ ခြိမ်းခြောက်သေးသည်။ သို့သော် ထိုခြိမ်းခြောက်မှုမျိုးက jiminအတွက် ကြောက်စရာမကောင်းသည့်အပြင် jungkookကို ချက်ချင်းပြေးတွေ့ချင်စိတ်သာ ဖြစ်ပေါ်စေလေသည်။ အဆိုးဆုံးကတော့ အခုလို အဆွိလွန်သော စကားများကို အူယားစရာ လာလာပြောနေခြင်းပင်။ ဂျစ်ကန်ကန်ကောင်လေးအနေနဲ့ စတွေ့ခဲ့ဖူးသော ကိုယ့်ချစ်သူက ဒီလိုထိုင်ချွဲနေတာမျိုးကို ဘယ်သူက ငြိမ်ငြိမ်ထိုင်ကြည့်နေနိုင်လိမ့်မလဲ။
"အိုက်ယား ကိုကိုတော့ နှလုံးအထူးကုဒေါက်တာနဲ့ ရက်ချိန်းယူရတော့မယ်"
"ဟင် နေမကောင်းဘူးလား ကိုကို."
"ကျွန်တော်ပြောရဲ့သားနဲ့ အချိုတွေအရမ်းမစားပါနဲ့ဆို"
"ဟမ် kookie ဘာတွေပြော.."
"အချိုတွေလေ မစားနဲ့တော့"
တကယ်ကို နားမလည်သေးပဲ သူ့ကို အူကြောင်ကြောင်လေး ဆုံးမနေပြန်သည်။ အချိုတွေက စားနေတာမဟုတ်ဘူး။ ကြားနေရတာ jungkookie ရဲ့။
YOU ARE READING
Best Of Me
Romance"ကိုကိုလို့ ခေါ်ပါဦး" "ရူးနေလို့ ခေါ်ရမှာလား" "ထားလိုက်ပါ အခုမခေါ်လဲ နောက်ခေါ်ရမှာပဲကို"