Part-5(Uni Version)

112 14 0
                                    


လွန်ခဲ့သောသုံးနှစ်ကျော် အထက်တန်းနောက်ဆုံးနှစ်တုန်းကကျွန်တော့်မှာအရမ်းချစ်ရတဲ့ချစ်သူတစ်ယောက်ရှိခဲ့တယ်...

သူ့နာမည်ကkalyarတဲ့....ကျွန်တော်သူမကိုအရမ်းချစ်တယ်....ကျွန်တော်လိုစိတ်တိုလွယ်ပြီးနေရာတကာဝင်ပါတတ်သောလူတစ်ယောက်ကသူ့ကြောင့်အများကြီးပြောင်းလဲခဲ့ရသည်...

စာဆိုလျှင်မညံ့သော်လည်းတော်တဲ့အထဲမပါခဲ့သောကျွန်တော်ကသူမကြောင့်စာကိုကြိုးစားခဲ့သည်...အမြဲတမ်းသူငယ်ချင်းတွေနဲ့ပဲအချိန်ဖြုန်းကာ ရန်ပွဲတကာ ပါနေသော ကျွန်တော်က သူမကြောင့် တည်ငြိမ်လာခဲ့သည်...

အပေါင်းအသင်းမဆံ့သောကျွန်တော်မှာအချစ်ရဆုံးသူငယ်ချင်းနှစ်ယောက် plan နဲ့ markက နည်း၍တစ်ယောက်မှနှင့် ကျွန်တော်စကားမပြောမဆက်ဆံပေ....

သူမကြောင့်သာ လူတစ်ကာကိုဖော်ရွေစွာဆက်ဆံတတ်လာခဲ့သည်....သူမကြောင့်ကျွန်တော်ပြောင်းလဲခဲ့တဲ့အရာတွေအများကြီးပါ

ထို့ကြောင့်သူမကိုကျွန်တော်သာမက ကျွန်တော့်သူငယ်ချင်းများကော ကျွန်တော်မိဘတွေကအစ သူမကိုချစ်ကြသည်....❤❤❤

သူမနှင့်ကျွန်တော် ချစ်သူတွေဆိုတာကိုကျွန်တော်မိဘ တွေကအစသိကြသည် သူမဘက်ကတော့သူမသူငယ်ချင်းသုံးလေးယောက်လောက်ကလွဲရင် ဘယ်သူမှမသိကြပေ....

Mar တို့Parတို့သိရင် သူ့ကိုကျောင်းထုတ်မှာစိုးသောကြောင့် လို့သူမပြောပြထားသဖြင့် ကျွန်တော်သူမကိုအတင်းအကြပ်ကြီးမပြောခိုင်းခဲ့ပေ...

ကျွန်တော့်ရဲ့ အထက်တန်းနောက်ဆုံးနှစ်က သူမရယ် ကျွန်တော့်သူငယ်ချင်းတွေရယ် ကြောင့်ပျော်ရွှင်ခဲ့ရသည်...

ထို့သို့ပျော်နေခဲ့သဖြင့် ကြောက်စရာကောင်းသောမုန်တိုင်းများထန်လာခဲ့မည်ဟု တစ်ခါမှသာမတွေးမိခဲ့ပေ...

အဲ့နေ့က planမွေးနေ့...🎉🎉🎉
သူငယ်ချင်းတွေကော ကျွန်တော်ရယ် သူမကောပျော်နေခဲ့သည်....

Plan မွေးနေ့ကိတ်လှီးပြီးသူငယ်ချင်းများအားခွံ့ကျွေးသည်အထိ သူမမျက်နှာအပြုံးမပျက်ခဲ့ပေ...🍮🍮🍮

Definition Of Love<Completed>Where stories live. Discover now